part 5

15.5K 1.5K 81
                                    

Unicode
------------

နောက်နေ့ ကျောင်းကိုလာတော့
အချိန်တိုင်း နတ်ပူးနေသလိုစပ်စလူးထသောtaehyungတစ်ယောက်ဟာဆိုရင်ဖြင့်
အခုများတော့လူစားထိုးခံလိုက်ရသလိုငြိမ်ကုတ်နေလေသည်

ဒါလဲတစ်မျိုးကောင်းတာပဲ မဟုတ်ရင်သူ့ကိုကြည့်ပီးကိုယ်တွေပါမူးတယ်
ဒါပေမယ့်လဲ အသဲကွဲနေသောမျောက်လောင်းလေးကို ချော့မြူရမည်မဟုတ်ပါလား
ဘယ်လောက်တောင်ငိုထားလဲတော့မသိ
မျက်လုံးတွေကအစ်လို့

"ထယ်ယောင်း မနက်စာစားခဲ့ပီလား"

'စားခဲ့တယ်hobi"

"taetaeလေး ရော့ စတော်ဘယ်ရီဖျော်ရည်"

"မသောက်တော့ဘူး ဗိုက်ပြည့်နေပီ"

ဒါက ကြားရခဲ မြင်ရခဲ
အချိန်တိုင်းကို တစ်ခုမဟုတ်တစ်ခု ပါးစပ်ထဲတတွတ်တွတ်သွင်းနေသောသူပါးစပ်က ဗိုက်ပြည့်နေပီဆိုတာကြောင့် yoongiမှောက်အိပ်နေရင်းကခေါင်းထောင်လာရသည်

"ထယ်ယောင်း အဲ့လောက်ကြီးခံစားမနေနဲ့ မေ့ထားလိုက် လောလောလတ်လတ်အခြေအနေဆိုပေမယ့်ဒီလိုကြီးတော့နေမနေနဲ့ကွာ"

"အေ့ပါ"

"စာမေးပွဲနီးနေပီလေ ဂရုစိုက်"

"အင်းပါyoongiရဲ့"

ဆရာမလဲဝင်လာပီမို့ စာအုပ်ထုတ်ရင်း စိတ်မပါပေမယ့်စာကိုသာအာရုံစိုက်ထားလိုက်သည်
တစ်ချိန်ပီးတစ်ချိန်သင်သွားလိုက်တာ ဒီနေ့မှအချိန်တွေကပိုမြန်နေသလို
ထမင်းစားချိန်သို့ရောက်လာခဲ့သည်

"ငါမလိုက်တော့ဘူး"

"ဘာဝယ်ခဲ့ရမလဲ"

"စားချင်စိတ်မရှိလို့"

"စားချင်တာရှိရင်ဖုန်းလှမ်းဆက်လိုက်"

"အေး"

yoongiတို့၃ယောက်ထွက်သွားတော့
ပြတင်းပေါက်အပြင်ဘပ်ကိုမေးထောက်ကြည့်ရင်း
မဖတ်ခေါ်ပဲမျက်ရည်တွေကကျလာပြန်တယ်
လွမ်းလိုက်တာဗျာ မျက်နှာလေးကိုမြင်ချင်တယ်

အရင်လိုlockscreenမှာ sanbaeပုံလေးမဟူတ်တော့သလို home screen၌လဲမဟုတ်တော့
မပိုင်ဆိုင်ရမဲ့သူကိုအခုထဲကမေ့ဖျောက်ပစ်ရမယ်မဟုတ်ပါလား
အလွမ်းပြေကြည့်ဖို့galleryထဲ၌ပုံတွေတော့ရှိသေးသည် ဒါပေမယ့်ဖွင့်မကြည့်မိပေ မြင်ရရင်ပိုလွမ်းတာမို့
မဖျက်ရက်တာမို့ပုံတွေသိမ်းထားခြင်းခိုးကြောင်ခိုးဝှက်နဲ့ရိုက်ခဲ့ရတဲ့ပုံတွေလေ
ဒါလေးတစ်ခုတော့လောဘကြီးခွင့်ပေးပါ

𝐒𝐄𝐍𝐈𝐎𝐑 (Completed)Where stories live. Discover now