Flukeလေးကတော့အခန်းထဲမှာငိုပီးသောင်းကျန်းနေလေသည်။

Fluke: ကိုကို့ကိုမုန်းတယ် ငါ့ကိုတကယ်လဲမချစ်ဘူး Porနဲ့Maeလဲအတူတူဘဲ ငါ့ကိုဘယ်သူမှမချစ်ကြဘူး အီးးးးးဟီးးးးး

ပြောလိုက်ငိုလိုက် တွေ့ ရာပစ္စည်းတွေကိုကိုင်ပေါက်လိုက်နဲ့Flukeတစ်ယောက်အလုပ်ရှုပ်နေလေသည်။

ပြောလို့ ငိုလို့ ပစ္စည်းတွေကိုကိုင်ပေါက်လို့ပင်ပန်းတော့မှ ကုတင်ပေါ်မှာFlukeလေးပင်ပန်းကာအိပ်ပျော်သွားလေတော့သည်။

မိုးလင်းတော့Ohmနဲ့PorကိုMaeကနိုင်ငံခြားကိုသွားရန်အတွက်ပြင်ဆင်ပေးနေလေသည်။

Ohm: Por ကလေးလဲခုထိအခန်းထဲကထွက်မလာသေးပါလား သားကိုတကယ်မုန်းသွားပီထင်တယ်​

ပြောနေရင်းနဲ့မျက်ရည်တွေဝဲတက်လာတဲ့Ohmကိုသူ့Porကဖက်ထားလိုက်ကာ

Por: သားညီလေးကိုအရမ်းတွေ့ချင်နေတယ်မလား ရော့ သားတို့ရဲ့အခန်းတံခါးအပိုသော့ သားဖွင့်ပီးဝင်သွားလိုက်နော်

Ohm: ဟုတ်Por

Ohmတစ်ယောက်သူ့ရဲ့Porပေးတဲ့သော့အပိုလေးကိုကိုင်ကာ သူ့ကလေးရှိတဲ့အခန်းဆီသို့ပြေးသွားပီးတံခါးကိုဖွင့်လိုက်လေသည်။

သူ့ရဲ့ကလေးကတော့စောင်ပုံတွေကြားထဲမှာအိပ်ပျော်နေလေရဲ့။Ohmသူ့ညီလေးနားကိုသွားထိုင်လိုက်ကာ ပါးဖောင်းဖောင်းလေးများကိုနမ်းလိုက်ပီး

Ohm: ကိုကိုသွားရတော့မယ်ကလေး ကိုကို့ရဲ့ကလေးလေးငိုထားရလို့ပင်ပန်းနေပီထင်ပါရဲ့ မျက်ရည်လေးတွေတောင်မခြောက်သေးဘူး ကိုကိုတောင်းပန်ပါတယ်ကလေးရယ် ကိုကိုကလေးကိုတကယ်ချစ်ပါတယ်

Ohmပြောနေရင်းနဲ့မျက်ရည်ကအလိုလိုကျလာလေသည်။ထိုအချိန်တွင်Porနဲ့Maeလဲအခန်းတံခါးဝသို့လာကာ

Mae: သား သွားကြတော့လေ လေယာဥ်ချိန်နီးနေပီ

Ohm: ဟုတ်Mae

Ohmသူ့ညီလေးရဲ့နဖူးလေးကိုထပ်နမ်းလိုက်ကာ

Ohm: ကိုကို့ကိုမမုန်းပါနဲ့နော် ကိုကိုပြန်လာမှာပါ ကိုကိုကလေးကိုချစ်တယ်နော်

Ohmလဲပြောပီးတာနဲ့အခန်းပြင်ကိုပြေးထွက်ကာခြံထဲမှာရပ်ထားတဲ့ကားဆီသို့ပြေးသွားလေတော့သည်။

Porနဲ့Maeလဲနောက်ကလိုက်လာလေသည်။

Ohm: သွားကြရအောင်Por

Por: အင်း မိန်းမငါတို့သွားတော့မယ်နော်

Porနဲ့Ohmလဲကားပေါ်တက်ကာDriverကိုမောင်းခိုင်းလိုက်ပီးထွက်လာခဲ့ကြလေတော့သည်။

Flukeအိပ်ယာနိုးတော့အောက်ကိုဆင်းလာလေသည်။ထမင်းစားစားပွဲကိုကြည့်တော့လဲဘယ်သူမှမတွေ့ပေ။အိမ်ကလဲခြောက်ကပ်နေသလိုခံစားနေရလေသည်။

Fluke: Mae Por

Flukeရဲ့ခေါ်သံကြောင့်Maeမီးဖိုချောင်ထဲကပြေးထွက်လာကာ

Mae: သားလေးနိုးပီလား ဘာစားမလဲ Maeဘာလုပ်ပေးရမလဲ

Fluke: Mae Porရောဟင်

တကယ်တော့FlukeကOhmကိုမေးချင်တာပါ။ဒါပေမယ့်သူစိတ်ဆိုးမပြေသေးဘူးလေ။ဒါကြောင့်Porကိုလွှဲပီးမေးလိုက်တာဖြစ်သည်။

Mae: သားရဲ့Porကသားကိုကို ကို နိုင်ငံခြားလိုက်ပို့တယ်လေ

Fluke: ဘာ ဘယ်တုန်းကလဲMae

Mae: မနက်8နာရီလောက်ကလေ

Flukeနာရီကိုလှမ်းကြည့်လိုက်တော့10နာရီပင်ခွဲနေပီဖြစ်သည်။

Flukeမျက်ရည်များကျကာ

Fluke: ကိုကိုက သားကိုတကယ်မချစ်ဘူး သူတကယ်ထားခဲ့တယ် Porလဲမကောင်းဘူး ကိုကို့ကိုတကယ်သွားခိုင်းတယ် သားကိုဘယ်သူမှတကယ်မချစ်ကြဘူး မုန်းတယ် အကုန်လုံးကိုမုန်းတယ်

Mae: မဟုတ်ဘူးလေသား သားကိုMaeတို့အကုန်ချစ်ကြပါတယ် သားရဲ့ရှေ့ရေးအတွက်Maeတို့ခုလိုလုပ်လိုက်ရတာပါ

Fluke: ဘာရှေ့ရေးလဲ သားကိုယ့်ကိုကိုယ်အားကိုးနိုင်အောင်လို့ဘဲပြောမှာမလား ရတယ် ဒီနေ့ကစပီးကိုယ့်ကိုကိုယ် အားကိုးနိုင်အောင်နေမယ် ဒီနေ့ကစပီးသားဘယ်သူ့ကိုမှမလိုအပ်တော့ဘူး အကုန်လုံးကိုမုန်းတယ်

မုန်းတယ်ကိုသာအတွင်တွင်ပြောပီးအပေါ်ထပ်ကို​ပြေးတက်သွားတဲ့သားငယ်ကိုကြည့်ကာMaeလဲမျက်ရည်ကျလာလေသည်။

Mae: တောင်းပန်ပါတယ်သားလေးရယ် သားလေးအရွယ်ရောက်လာရင်နားလည်လာမှာပါ

ကလေးရဲ့ကိုကိုWhere stories live. Discover now