ဘာမှမတုန့်ပြန်တဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်ရင်တွေပိုတုန်ရပါတယ်...

ရှောင်းကျန့်ချွေးတွေတောင်ပြန်တဲ့ထိ မတည်မငြိမ်ဖြစ်နေတယ်.. ရိပေါ်ပြောမှာတွေကို လုံးဝမမျှော်လင့်ထားတဲ့ပုံပါပဲ...

"ဘာလို့လဲ.."
"ကော.."

ရှောင်းကျန့် အမေးမဟုတ်တဲ့ အမေးကိုခပ်တိုးတိုးရေရွတ်လာတော့ ရိပေါ်ရှင်းပြဖို့ကြိုးစားတယ်...ဒါပေမဲ့..

"ကောလက်မခံနိုင်ဘူး..."
"ကော.."
"........"
"ကော ချက်ချင်းမဖြေပါနဲ့... ကျွန်တော်စောင့်နိုင်ပါတယ်.."
"မစောင့်ပါနဲ့ရိပေါ်... ကိုယ်စိတ်ပြောင်းမှာမဟုတ်ဘူး.."

ကျန့်ကော စိတ်ရှုပ်လွန်းလို့နဲ့တူပါရဲ့... လက်တွေတောင်တုန်နေပါတယ်... ကျန့်ကောစိတ်ပင်ပန်းတာတွေ့ရတော့လဲ ရိပေါ် အထွန့်မတက်ရဲတော့ဘူး...

~အခု ကျန့်ကောငြင်းလို့ရင်နာရတယ်.. ဒါပေမဲ့ ကျွန်တော်ကြောင့်စိတ်ညစ်သွားတဲ့ကျန့်ကောကိုမြင်ရတာက ရင်အခွဲခံရသလိုပဲ..~

"ကျန့်ကော ကျွန်တော့်ကြောင့်စိတ်ညစ်ရရင် တောင်းပန်ပါတယ်.. ကောကတော့ ပျော်မှဖြစ်မှာ.."

ရှောင်းကျန့်က ရိပေါ်ကိုခဏငေးနေပြီးတော့ ထွက်သွားတော့တယ်.. အရင်ကလို see you ရိပေါ်  လို့တောင်မနှုတ်ဆက်တော့ပဲနဲ့လေ.. နောက်မတွေ့ချင်တော့တဲ့ သဘောများလား... ရှောင်းကျန့်က သူစိတ်ပြောင်းမှာမဟုတ်တဲ့အကြောင်းပြောပြီးကတည်းက ရိပေါ်ထွက်ပြေးလာချင်ပေမဲ့ ရှောင်းကျန့်ထသွားမဲ့အချိန်အထိစောင့်နေမိပါတယ်..
ရိပေါ်က အရင်ထဲက ကော်ဖီအတူသောက်ကြရင် တတ်နိုင်သလောက် ရှောင်းကျန့်အရင်ထပြန်တဲ့အထိစောင့်တယ်.. ကျန်ခဲ့ရတဲ့ခံစားချက်က မကောင်းဘူးမဟုတ်လား.. သူ့ရဲ့ကျန့်ကောကို ဒီလိုတွေမခံစားစေချင်ဘူးလေ.. ကောက သူ့အပေါ် ဒီလိုနက်နက်နက်နဲနဲတွေ တွေးနေမှာမဟုတ်ဘူးဆိုတာသိပေမဲ့ပေါ့...

ရှောင်းကျန့်က အချိန်တောင်မဆိုင်းပဲ ချက်ချင်းအဖြေပေးရလောက်တဲ့ထိ ရိပေါ်အပေါ်ခံစားချက်တွေက သေချာနေတယ်ထင်ပါရဲ့.. ရိပေါ် ဘယ်လိုပဲစိတ်ကိုပြင်ဆင်ထားတယ်ဆိုဆို နဖူးတွေ့ဒူးတွေ့ကြုံရတဲ့အခါ ပြိုလဲရပြန်တာပါပဲ...

LettersWhere stories live. Discover now