ပြိုင်ပွဲပြီးနောက်နေ့မှာတုန်းက ရိပေါ်ခဏစိတ်မကောင်းဖြစ်ခဲ့လိုက်ရသေးတယ်.. ရှောင်းကျန့်က သူမလာခဲ့ဘူးလို့ပြောတာကိုး..

~ဘာပဲဖြစ်ဖြစ် ကောနဲ့တူတဲ့အရိပ်လေးကတောင် ကျွန်တော့်ကို အားဖြစ်စေခဲ့တာ...~

ဒီနေ့တော့ Jackson နဲ့စကိတ်စီးပြီး အပြန်ကို ညစာစားဖြစ်ကြတယ်..
"ရိပေါ် မင်းဘဲကြီးနဲ့အခြေအနေဘယ်လိုလဲ"
"ကောင်းကောင်းခေါ်ပါမင်းကလဲ... ငါတို့ထက်အသက်ကြီးတယ် ကျန့်ကောက.."
"မင်းတော့ တော်တော်ကိုဖြစ်နေပြီ.. ကြိုက်ရင်လဲပြောလိုက်တော့လေကွာ...
ဘဲကြီး... ဟီး.... ကျန့်ကောက အမိုက်စားကြီးနော်.... ဝိုင်းဝိုင်းလည်နေမှာ.. ချိန်ပါဖြစ်နေမယ်.."
"ငါလဲ စဉ်စားနေတာ... ယောကျာ်းလေးကို တစ်ခါမှ မဖွင့်ပြောဖူးတော့ ငါကြောက်တော့ကြောက်တယ်..."
"သူများကြားရင် မိန်းကလေးကိုကျတော့ ဖွင့်ပြောဖူးတယ်ထင်နေဦးမယ်... တစ်ယောက်ထဲ အချေကောင်ကြီးလုပ်နေတဲ့ကောင်က.."
"ဘာချေတာလဲ.. ငါ့ဟာငါ အေးဆေးနေနေတာကို... မင်းကရောဘာထူးလဲ FA ကောင်ရဲ့.."
"ငါကအချစ်စစ်ကိုစောင့်နေတာ.. right person ကိုမတွေ့သေးလို့..
ထားပါ.. အဲ့တော့မင်းက ဘယ်တော့ပြောမှာလဲ.."
"၂၀ ရက်နေ့ပြောလားလို့..520 လေ ဟီးဟီး"
"ရိုချင်ပြန်တော့လဲ တစ်ဆုံးပဲ...ဒါနဲ့ သူ့မှာ homophobia တွေဘာတွေတော့မရှိဘူးမလား
အဲ့လိုသာဆို မင်းသေပြီပဲ.."
"အဲ့လိုတော့မရှိပါဘူး..တစ်ခေါက်သူ့ gallery မှာ LGBT theme နဲ့ပြပွဲလုပ်တော့ သူတစ်ကားဝင်ပြမယ်ပြောဖူးတယ်.."
"အဲ့ဒါဆိုလဲ အဆင်ပြေမှာပါ..Good luck ငါ့ကောင်ကြီး.."
"အေး.."

အခုတစ်လော ရိပေါ်ရဲ့ google history ကိုသာကြည့်လိုက်မယ်ဆိုရင်
'3 ways to confess to your crush'     
'how to tell your crush you like them without making things weird' စတာတွေကို တွေ့ရမှာဖြစ်ပါတယ်။

ပထမတစ်ခေါက်မှာ မျှော်လင့်ချက်အကြီးကြီးမထားဖို့ သင်ယူဖြစ်တယ်..ဒီတစ်ခေါက်မှာ လုံးဝမမျှော်လင့်ထားဘူးလို့ပြောရင်တော့လိမ်တာပဲ... ဒါပေမဲ့ အရင်လို အထိမ်းမကွပ်မရှိ စွတ်မတွေးဖို့တော့ သင်ခန်းစာရနေပါပြီ....

~ကျန့်ကောပြန်လက်ခံတာ မလက်ခံတာထက် ကျွန်တော့်စိတ်ကို ကျန့်ကောကို သိသွားရင်ကို ကျေနပ်ပါပြီ... ကောပြန်လက်ခံရင်တော့ အပျော်ဆုံးပေါ့.. လက်မခံလဲ ရင်ဆိုင်နိုင်ဖို့ စိတ်ပြင်ဆင်တတ်နေပါပြီ... ပထမတစ်ခေါက်လိုမဖြစ်အောင်ပေါ့..~

LettersWhere stories live. Discover now