Chapter 29(uni)

Beginne am Anfang
                                    

ထို့နောက်အိမ်နောက်ဖက်ကတံတိုင်းကိုကျော်ကာထွက်ခဲ့သည်။ဒီနောက်ဖက်လမ်းကCCTVလည်းမရှိလူရှင်းပြီးTaxiလည်းပြတ်သည်။မတတ်နိုင်Taxiမတွေ့မချင်းတော့လမ်းလျှောက်ရမှာပဲ။

*************

"ရှင်း...."

အိပ်မက်ထဲမှာအလန့်တကြားခေါ်လိုက်သောဆက်အသံကြောင့်ရှင်းလန့်နိုးသွားသည်။ကြည့်လိုက်တော့မနက်ခြောက်နာရီ။စိတ်ထဲမှာလေးလံနေပြီးဆက်တစ်ခုခုဖြစ်နေသလိုခံစားနေရသည်။ဖုန်းကိုခေါ်ကြည့်သည်ဖုန်းကဝင်တောင်မဝင်။ပိုင်လေးဆီကိုဖုန်းခေါ်လိုက်သည်။

"ပိုင်လေး..ဆက်ဘယ်မှာလဲ"

"သခင်လေးညကခမ်းနဲ့လိုက်သွားတယ်"

"ဘာ...မင်းဘာလို့မပြောတာလဲ"

"ပုံမှန်ပဲလေပြောစရာလိုလား"

" မင်းသူ့သက်တော်စောင့်ဖြစ်ပြီးအဲ့လိုတစ်ယောက်ထဲလွှတ်ထားရလား"

ညစ်ညူးနေသောစိတ်ကြောင့်မဆီမဆိုင်အော်မိသွားသည်။

" Dရာဘယ်လိုဖြစ်နေတာလဲ...ကျွန်တော်သခင်လေးမှမဟုတ်တာသူခိုင်းတာပဲလုပ်ရမှာ....သူ့ကိုဘယ်လိုလုပ်လို့ပြောခွင့်မရှိဘူးလေ "

"Sorry. ..ကိုယ်အိပ်မက်တွေမကောင်းလို့စိတ်ပူလို့"

"ကျွန်တော်တို့လိုက်သွားမလား"

Weddingကျင်းပသောMafia bossကခမ်းကိုလည်းသိနေသည်ဆိုတော့သူ့ဆီကနေပဲအိမ်လိပ်စာလှမ်းတောင်းလိုက်ပြီးပိုင်လေးနှင့်ဟန်ရှင်းကိုခေါ်ကာလိုက်သွားလိုက်သည်။

***************
မျက်လုံးနှစ်ဖက်ဖွင့်လိုက်သည်နှင့်ပုံမှန်မဟုတ်သောမျက်နှာကျက်ကိုမြင်သည်။သေချာတယ်ဒါကိုယ့်အိမ်မဟုတ်။သေချာပြန်စဉ်းစားတော့မှညကမေသူ့ကိုဘာလုပ်လိုက်တာလဲ။

"မေသစ္စာ!!"

"အင်း...ခမ်းနိုးလာပြီလား"

အခန်းတံခါးနားကခုံပေါ်မှာခြေချိတ်ထိုင်ရင်းကော်ဖီတစ်ခွက်ကိုဖြည်းဖြည်းချင်းအရသာခံသောက်နေ၏။

"နင်...နင်.. ဘာလုပ္တာလဲ"

"နင့်ကိုဖမ်းထားတာလေ"

No one but you(OR)The Mafia Guys[completed]Wo Geschichten leben. Entdecke jetzt