ဒီလူငယ်က ဘယ်ဆိုလို့လဲ ဒိအဖိုးကြီးပြောတဲ့စကားက ဘာကိုဆိုလိုတာလဲဆိုတာကို တန်းပြီ သိတာပဲ မင်းသွေးပိုင်ရဲ့ ယောကျာ်းလို့ မပြောရဘူး စကားသိပ်ကြွယ်ပ

" အင်း ဟုတ်တယ် မင်းမဆိုဘူးပဲ မင်းသွေးပိုင်တို့များ အိမ်ထောင်ဘက်ရွေးတဲ့နေရာမှာ စီးပွားရေးများတွက်ပြီ ရွေးချယ်သလား အောင်မေ့ရတယ် "

ထိုစကားကြောင့် ခ တယောက် သွားလေးညီနေအောင် ချစ်စရာအကောင်းဆုံး ဖြစ်အောင် ပြုံးပြလိုက်သည်

" ဦးက ကျွန်တော်ကို အရမ်းချစ်တာ "

" သိပါတယ် မင်းကို အရမ်းချစ်တာ မင်းသွေးပိုင် အချိုတွေပြောင်းလာတါလဲ သိတယ် မင်းက ထိန်းချုပ်မူတော်တယ်ပြောရမလား "

" ဟင့်အင် ကျွန်တော် ဦးကို တခါမှ မထိန်းချုပ်ဘူး ချုပ်လဲ မချုပ်ချယ်ခဲ့ဘူး အနှောင်ဖွဲ့များတဲ့ အချစ်က ထိန်းချုပ်တဲ့ relationship တခုက ဘယ်တော့မှ မြဲမှာ မဟုတ်ဘူး အဘုိး ၊ မထိန်းချုပ်ဘဲ လွတ်လပ်ခွင့်ပေးလိုက်ရင်လဲ တယောက်နဲ့ တ​ယောက်ကြားမှာ သံယောဇဉ် ဆိုတာ ရှိမှာ မဟုတ်တော့ဘူး ၊ လူတယောက်ကို ထိန်းချုပ်ရတာ ကလေးတ​စ်ယောက်ကို ထိန်းရတာထက် ပိုပြီ ခတ်ပါတယ် အဘုိး ၊ ကလေးဆိုတာ ကြောက်အောင်သင်ပြီ ပုံစံခွက်ထဲ့ကို လိုရာ ကြုိးဆွဲနိုင်ပေမယ့် ဦး က ကလေးလဲ မဟုတ်ဘူး အရုပ်လဲ မဟုတ်ဘူး ပြီတော့ ကျွန်တော် ဘယ်တော့မှ မထိန်းချုပ်ပါဘူး ချစ်တယ်ဆိုတာကို ခုတုံးလုပ်ပြီ ဦးမှာလဲ ဦး လွတ်လပ်ပိုင်ခွင့်တွေအများကြီးရှိပါတယ်.. ကျွန်တော်အချစ်က ရိုးရှင်းပါတယ် အစနှစ်ဖက်နဲ့ ကြုိးတခုလိုပဲ တဖက်က တင်းရင်တစ်ဖက်က လျော့ပေးလိုက်ရုံပါပဲ တဖက်က လျော့ရင် တဖက်ပုံမှန်တိုင်း သွားလိုက်ရုံပေါ့ ကလေးဆန်းတယ် ဆိုပြီလဲ လူမူရေးနဲ့ အပေါင်းသင်းကြားမှာ လဲ မျက်နှာမပျက်စေချင်ဘူး အဘုိး "

" ဘရာဘို အရမ်းတော်တယ် ကောင်လေး မင်းကို တကယ်ထင်မထားဘူး ငယ်ငယ်လေးနဲ့ ခုလို အများကြီး ရင့်ကြပ်တာ "

" အဲတာဆို အဘုိးမှားသွားပြီ "

" ဟေး ဘာဖြစ်လို့လဲကွာ ငါပြောတာ ဘယ်နားမှားနေလို့လဲ "

၃၁ဘံုမွာဦးအခ်စ္တတ္ဆံုး Where stories live. Discover now