Part 4 - Getting A Wind (Unicode)

292 32 0
                                    

Taeyong's POV

ချိန်းထားတာ ကြာနေပြီကို ခုထက်ထိ မရောက်လာသေးဘူး ကျွန်တော်ဖုန်းဆက်တော့လည်း ဖုန်းမကိုင် ကျွန်တော်
တော်တော်စိတ်လည်းတိုသွားတယ် ကျွန်တော် ချိန်းထားတဲ့ဆိုင်က Jungwooရဲ့ Cafeမှာပါ

"Taeyong သူက ခုထိမလာသေးဘူးလား 7နာရီတောင်ထိုးတော့မယ် "
Doyoungက လာပြောတော့ ကျွန်တော်လည်း ထပ်မစောင့်တော့ဘဲ Doyoungနဲ့ အတူအိမ်ပြန်လာလိုက်တယ်

ဒီလိုပုံစံနဲ့ဆို မနက်ဖန်ကျွန်တော်အဆဲခံရပြီ
တမင်အဆဲခံရအောင်များ သူလုပ်နေတာလား..... ဟူး
မဖြစ်နိုင်ပါဘူးလေ
လူကသာ မာကျောနေတာ အဲ့လိုစိတ်မျိုးရှိတဲ့လူမဟုတ်လောက်ပါဘူးလေ ကျွန်တော်တစ်ယောက်တည်း စကားတွေပြောနေမိတယ်

~~~~~~~~~~~~~~~~~~~~~~
At OEN Company,

Jaehyun's POV

မနေ့က ကျွန်တော်ချိန်းတာကို မသွားခဲ့ဘူး ဘာလို့မသွားခဲ့တာလဲဆိုတော့ ကျွန်တော်ရဲ့ လှည့်ကွက်ထဲကတစ်ခုပေါ့
အချိန်တန်ရင် သိရမှာပေါ့

လောလောဆယ်တော့ သူကိုလုပ်ခိုင်းထားတဲ့ မပြီးသေးတာတဲ့ အလုပ်တွေကို ကျွန်တော်
လက်စသတ်နေတုန်း တံခါးပွင့်လာပြီး

"ဘာလို့ မနေ့က မလာတာလဲ ကျွန်တော် ည 7နာရီထိ စောင့်နေရတာ သိလား လူတစ်ယောက်က ပေးထားတဲ့ကတိကို တည်ရမယ်မလား"

ကျွန်တော် သူပြောတာကို နားမထောင်ဘဲ

"မင်းရဲ့ မပြီးသေးတဲ့ဟာတွေကို ငါလက်စသတ်ပေးဖို့ အစောကြီးရောက်နေတာနော် မင်းလုပ်မလား ငါထွက်သွားပေးမယ်"

"ဟာ.....အဲ့လိုမဟုတ်ဘူးလေ ထားလိုက်တော့ ပြောရခက်တဲ့လူကြီး ဒါနဲ့ မနေ့က ဘာလို့မလာတာလဲ"

"အိပ်ပျော်သွားလို့ "

ကျွန်တော် မျက်စိရှေ့က သူ စိတ်ဆိုးသွားတဲ့မျက်နှာကို ကျွန်တော်တွေ့လိုက်တော့ တကယ်ရီချင်သွားတယ်

"မအိပ်ဖူးဘူးဆိုတော့ အိပ်ပျော်သွားတာပေါ့နော်"

"ငါကို အဲ့လိုတွေပူညံ့ပူညံ့နဲ့ လာရွဲ့မယ်ဆို မင်းအလုပ်ကို မင်းဘဲဆက်လုပ်လိုက်တော့" ကျွန်တော် ပြောပြီး ထိုင်ခုံကနေ ထလိုက်တော့

Always Be You (Zaw + Uni) Rate-MWhere stories live. Discover now