Part 3 -Drift and Draft (Zawgyi)

Start from the beginning
                                    

"ဟုတ်..ဟုတ်ကဲ့" Jaehyun ဖုန်းချသွားတော့ ကျွန်တော် အသက်ကို ခပ်ပြင်းပြင်း ရှုရင်း

"မနက်ဖြန်တော့ Companyမှာ ပထမဆုံး
အသက်ရှုရှောင်မဲ့နေ့ဘဲ "

ကျွန်တော်ရဲ့ Coffeeခွက်ထဲက coffeeတွေတောင် Coffeeအေးတောင်ဖြစ်တော့မယ် Coffeeအေးလေးကိုကြည့်ကာ မော့သောက်လိုက်ပြီး ဒီနေ့ကိုတော့ အေးအေးဆေးဆေးဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်တယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~

At Seoul Court,

20.8.2020 နံနက် 8:33တွင် OEN Companyမှ ဝန်ထမ်း
အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းပါ့မယ်

(Jaehyunက Company Lawyer တစ်ယောက်အနေနဲ့ တရားလို -အသတ်ခံရတဲ့ မိန်းကလေးဘက်က ရှေ့နေလိုက်ပေးတာဖြစ်ပြီး တရားခံကိုအသတ်ခံရတဲ့ မိန်းကလေးရဲ့ ကောင်လေး ,သူ့ကို တရားခံအနေနဲ့ စွဲချက်တင်ထားတာပါနော် Jaehyun Characterကို Lawyerအနေနဲ့ ထည့်ထားတာကြောင့် ဥပဒေနဲ့ ပတ်သက်ပြီး မရှင်းတာမျိုးဖြစ်သွားမှာဆိုးတဲ့ အတွက် ရှင်းပြပေးထားတာပါနော် 😘)

တရားလိုဘက်က ရှေ့နေ Jaehyun မေးခွန်းစမေးပါ

"အသတ်ခံရတာက စနေနေ့ည စနေနေ့ညက အတူတူရှိခဲ့တာပါလား"

"11နာရီ တူတူရှိခဲ့ကြပါတယ် ပြီးတော့ ကျွန်တော်တို့ ရန်ဖြစ်ပြီး ကျွန်တော်ထွက်သွားခဲ့ပါတယ်"

"ဘာအကြောင်းအရာများနဲ့ ရန်ဖြစ်ကြတာပါလဲ"

"ကန့်ကွက်ပါတယ် တရားသူကြီးမင်း " တရားခံဘက်က ရှေ့နေမှ ကန့်ကွက်လိုက်သောကြောင့် Jaehyun ဘာမေးခွန်းမှ ဆက်မမေးဘဲ နေရာမှာသာထိုင်လိုက်တယ်

တရားခံဘက်မှ ရှေ့နေ တရားရုံးတော်ကို လျှောက်တင်စရာရှိတာကို လျှောက်တင်လို့ရပါပြီ

တရားခံဘက်က ရှေ့နေ့က သူရဲ့ တရားခံဟာ လူသတ်သမားမဟုတ်ကြောင်း တိကျသေချာတဲ့ သက်သေနဲ့အဖြေကိုပေးလိုက်တယ် တရားရုံးကလည်း လက်ခံလိုက်တယ်

တရားလိုဘက်ကမှ ရှေ့နေ ပြောစရာစကားရှိပါလား

Jaehyunမှ ထလိုက်ပြီး

"ရှိပါတယ် တရားခံဘက်က သက်သေနဲ့ အဖြေကိုလည်း ကျွန်တော်လက်ခံပါတယ် အဲ့တာကြောင့် ကျွန်တော် ဒါကိုကိုယ့်ကို သတ်သေအဆုံးစီရင်မှုနဲ့ အမှုပြီးချင်ပါတယ်"

Jaehyunရဲ့ ထွက်ဆိုချက်ကို အားလုံးက အံ့သြခဲ့ကြလေတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Jaehyun's POV

တရားရုံးကနေ ထွက်လာတော့ နေ့လည် 1နာရီရှိပြီဖြစ်တာကြောင့် အိမ်ကို သာပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်

"ကိုယ်သတ်ခဲ့တဲ့လူကို ကိုယ်အမှုပြန်လိုက်ပေးရတာလည်း ပျော်စရာကောင်းတာဘဲနော် မတတ်နိုင်ဘူးလေ သူဘက်က ကျွန်တော်ကို အရမ်းလိုချင်တဲ့ပုံစံတွေ လုပ်ပြနေတော့ ကျွန်တော်လည်း ကျွန်တော်လိုချင်တာကို ပြန်ယူခဲ့တာပေါ့"

ထိုစဉ် ဖုန်းဝင်လာရင်း ကြည့်လိုက်တော့ ကျွန်တော်ရဲ့အရုပ်ကလေး

"Jaehyun Ssi အမှုကစစ်ပြီးပြီလား Companyလာပေးလို့ အဆင်ပြေလား ကျွန်တော် နားမလည်တာရှိလို့ ပြောပြပေးလို့ရမလား"

"မရဘူး ငါဒီနေ့ နားတယ်"

"ဟာ..... မနက်ဖန် အပြီးတင်ရမယ်ဆို ကျွန်တော်မှ နားမလည် ဘယ်လိုဆက်လုပ်ရမလဲ ကျေးဇူးပြုပြီး ပြောပြပေးပါနော် ..."

"ငါမရဘူးလို့ ပြောနေတယ်လေ"

"Companyမဟုတ်ရင်တောင် ကျွန်တော် အလုပ်လုပ်ရတာ အဆင်ပြေတဲ့ Cafeတစ်ခုသိတယ် အဲ့ကိုလာခဲ့ပေးပါလားနော်"

"နာမည်ပြော"

"Day Dream အဲ့ကိုလာခဲ့ပေးနော်"

"အချိန်ကရော ငါက ခုကတည်းကသွားစောင့်နေရမှာလား"

"5.. 5နာရီ Day Dream Cafeမှာ ညနေ 5နာရီကျရင် တွေ့မယ်နော် အဲ့ဆိုဖုန်းဆက်လိုက်တော့မယ်နော်"

ဆိုင်နာမည်ကလည်း Day Dreamတဲ့ ကျွန်တော် ခနဲသလိုနဲ့ရီလိုက်ပြီ အိမ်ကိုသာမောင်းလိုက်တယ်

~~~~~~~~~~~~~~~~~~
Taeyong's POV

တစ်ကယ်ပါ ဘယ်လိုလူမှန်းကို မသိဘူး အလုပ်လုပ်ရင်း
သင်ပေးမယ်ပြောပြီး ခုကတော့ သူမဟုတ်တဲ့အတိုင်းဘဲ
လေသံကလည်း မာကျောနေတာဘဲ အေပေါ့လေ ရုပ်ချောတော့ ချေမိုးနိုင်တာပေါ့

3နာရီ မြန်မြန်ထိုးမှဘဲ မဟုတ်ရင် ဘာမှနားမလည်ဟာတွေကို ကြည့်ပြီး ဖင်ပူအောင်ထိုင်နေရတာလည်း
ငရဲတစ်ခုဘဲ

စမှတ်ရှိရင် ဆုံးမှတ်ရှိတယ်တဲ့
ကိုယ်အတွက်ကတော့ ဆုံးမှတ်ဆိုတာ
လောကကြီးကို နှုတ်ဆက်ပြီး
အိပ်ပျော်သွားတဲ့ အခိုက်အတန့်လေးတစ်ခုပါဘဲ

Always Be You (Zaw + Uni) Rate-MWhere stories live. Discover now