Por: သားကိုကိုကတော့လေ သားသူ့ကိုသွားမနှိုးမချင်းဘယ်တော့မှမထဘူး
Fluke: ဟုတ်တယ်Por ပီးတော့လေ ကိုကိုကအကျင့်မတောင်းဘူးတိလား
Mae: ပြောပါအုံး သားရဲ့ကိုကိုကဘာတွေအကျင့်မကောင်းတာလဲ
Fluke: မျက်နှာလဲအတစ်ရတေးဘဲနဲ့ တားကိုနမ်းလိုက်တယ်လေ
Mae: အဲ့တော့သားကရွံတယ်ဆိုပါတော့
Fluke: ရွံတော့ရွံပါဘူး ဒါပေမယ့်ကိုကိုကညစ်ပတ်တယ်
အဲ့အချိန်မှာOhmလဲလှေကားပေါ်ကဆင်းလာကာ
Ohm: ကလေး ကိုကို့အတင်းကိုပြောနေတယ်ပေါ့လေ
Fluke: ခရေးကဘာမှပြောပါဝူး ခရေးကကိုကို့ကို အရမ်းချစ်တာလို့Porနဲ့Maeကိုပြောပြနေတာ
Por: ငါ့ရဲ့သားငယ်လေး စကားတတ်ချက်ကတော့မနိုင်ဘူးဟေ့
Mae: ကဲ သွားကြတော့မလား
Ohm: ဟုတ်Maeသွားမယ်လေ
Ohmတို့မိသားစု ကစားကွင်းမှာပျော်ရွှင်စွာဆော့ကစားနေကြလေသည်။
Fluke: ကိုကို ခရေး ဟိုဟာစီးချင်တယ်
Flukeလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့မိုးပျံရထားဖြစ်သည်။
Mae: သားရယ် မစီးပါနဲ့လား အန္တာရယ်များတယ်
Por: ဟုတ်တယ်သားလေး မစီးနဲ့နော် တခြားဟာဆော့လေနော်
Fluke: ဟင့် မရဘူး မရဘူး အဲ့တာဘဲစီးချင်တာ
Flukeလေးခြေဆောင့်ကာ ငိုမဲ့မဲ့ဖြစ်နေတော့ Ohmတစ်ယောက်မနေနိုင်တော့ပေ။
Ohm: Porနဲ့Maeကလဲ ကလေးစီးချင်တာစီးခိုင်းလိုက်ပါ
Por: ဒါပေမယ့် အဲ့တာကအမြင့်ကြီးဘဲလေ
Ohm: ရပါတယ် သားလဲလိုက်စီးမှာဘဲဟာကို
Fluke: ဟုတ်တယ် ခရေးနဲ့ကိုကိုနဲ့အတူတူစီးမှာ
Porနဲ့Maeတို့လဲအတင်းပူဆာနေတဲ့သားနှစ်ယောက်ကြောင့် စီးခွင့်ပြုပေးလိုက်ရလေတော့သည်။
မိုးပျံရထားရဲ့မြင့်လွန်းတဲ့အမြင့်
ကြောင့်Ohmရော Flukeပါကြောက်နေကြလေသည်။
Fluke: ကိုကို ခရေးကြောက်တယ်🥺
Ohmကတော့သူကြောက်နေသော်လည်း ကြောက်ဟန်မပြဘဲ သူ့ညီလေးကိုဖက်ထားလိုက်လေသည်။
Ohm: မကြောက်နဲ့ကလေး ကိုကိုရှိတယ်နော်
Ohmတို့စီးပီးတဲ့အထိကြောက်စိတ်မပျောက်ကြသေးပေ။
Mae: ကဲ ဘယ်နှယ့်ရှိစ မစီးပါနဲ့ဆိုတာကို အရမ်းစီးချင်နေကြတယ်လေ ခုတော့ကြောက်နေကြပီမလား
Por: ကလေးတွေကိုဆူမနေပါနဲ့မိန်းမရယ် ကဲ သားတို့ဘာစားချင်ကြလဲ
Ohm: သားကရေခဲ့မုန့်စားမယ် ကလေးရောဘာစားမှာလဲ
Fluke: ခရေးရဲ ရေခဲမုန့်ဘဲစားမယ်
Por: အင်း ဒါဆိုဟိုနားကရေခဲမုန့်ဆိုင်ကိုသွားကြတာပေါ့
ဆိုင်ရောက်တော့ Ohmနဲ့သူ့Porကချောကလက်ရေခဲမုန့်ကိုမှာလိုက်လေသည်။
Flukeကတော့စတော်ဘယ်ရီ ရေခဲမုန့်ကိုမှာပီး Maeကတော့Coffeeသာမှာလေသည်။
ခဏကြာတော့စားပွဲထိုးကောင်လေးကမှာထားတာတွေလာချပေးလေသည်။Flukeရဲ့ ရေခဲမုန့်ခွက်ထဲမှာ အပေါ်ယံကမြေပဲလေးများဖြူးထားလေသည်။
Fluke: Mae ဒါလေးတွေကဘာလေးတွေလဲဟင်
Mae: အော် မြေပဲတွေလေ သားရဲ့
Fluke: အော်
Flukeလဲ ရေခဲမုန့်ခွက်ထဲကမြေပဲတွေကိုစားလိုက်လေသည်။5မိနစ်လောက်ကြာတော့Flukeတစ်ယောက်တစ်ကိုယ်လုံးယားယံလာကာ အသက်ရှုကျပ်လာလေသည်။
Flukeကိုအရိပ်လိုကြည့်နေတတ်တဲ့Ohmကတော့သတိထားမိသွားကာ
Ohm: ကလေး ဘာဖြစ်တာလဲ ဘာဖြစ်နေတာလဲဟင်
Fluke: ယားတယ် ကိုကို အသက်လဲရှုလို့မရတော့ဘူး အီးးးးးဟီးးးးးးး
ရုတ်တရပ် ငိုချလိုက်တဲ့Fluke
ကြောင့်Porနဲ့Maeပါထိတ်လန့်သွားကြလေသည်။
Por: သားလေး သားလေး အဆင်ပြေရဲ့လား
Flukeတစ်ယောက်စကားပင်ပြန်မပြောနိုင်တော့ဘဲသတိလစ်ကာလဲကျသွားလေတော့သည်။
Ohmလဲလဲကျသွားတဲ့သူ့ညီလေးကိုပြေးဖက်လိုက်ကာ
Ohm: Por Mae လုပ်ကြပါအုံး ကလေးဘာဖြစ်သွားတာလဲ
Por: သားဖယ်ပေး Porသားလေးကိုချီမယ်
Porလဲကလေးကိုချီကာ ကားဆီသို့အားလုံးပြေးသွားကြပီး ဆေးရုံဆီသို့မောင်းလာခဲ့ကြလေတော့သည်။
YOU ARE READING
ကလေးရဲ့ကိုကို
Fanfictionသူချစ်နေတဲ့အချစ်ကိုလက်မခံနိုင်ဘဲငြင်းပယ်နေတဲ့ကောင်လေးနဲ့ ထိုကောင်လေးကိုရူးရူးမူးမူးချစ်နေမိတဲ့ကောင်လေးတစ်ယောက်အကြောင်း။
Part 3 (Unicode)
Start from the beginning
