အခန်းထဲဝင်လာတဲ့ခြေသံတစ်ခု အာရုံစိုက်နားထောင်နေပေမဲ့ ရိပေါ်လှည့်မကြည့်ရဲဘူး..ရင်ခုန်ရလွန်းလို့ နဲနဲတောင်မောနေပြီ...

"ကောင်လေး စောင့်နေရတာကြာပြီလား"

၁စက္ကန့်
၂စက္ကန့်
၃စက္ကန့်

ရိပေါ်ရင်ထဲမှာ နျူကလီးယားဗုံးပေါက်သွားသလို...
ရှေ့မှာထိုင်နေတဲ့သူကိုကြည့်ပြီး အသက်ရှုလို့ပင်မရတော့သလို..

ဘာတွေဖြစ်ကုန်တာလဲ....

သူ့ရှေ့မှာထိုင်ပြီး ပြုံးပြနေတာက မျက်လုံးပြာပြာနဲ့ လူတစ်ယောက်..

~ခင်ဗျားဘယ်သူလဲ..
ဘာလို့ကောင်လေးလို့လာခေါ်နေတာလဲ..
ကျန့်ကောရော...
ကျန့်ကောရောလို့......~

ရိပေါ်ရင်ထဲမှာ ဗြောင်းဆန်နေပေမဲ့ နှုတ်ကတော့ ဘာမှထွက်မလာနိုင်ဘူး... ရင်ထဲမွန်းလွန်းလို့ အသက်ကို အားစိုက်ပြီးရှုနေရတယ်...

"ကောင်လေး ကိုယ့်ကိုစကားပြောပါဦး"
"Hi"

ဒီတစ်လုံးထွက်ဖို့ကို ရိပေါ်တစ်ကိုယ်လုံးကအား​တွေအကုန်သုံးလိုက်ရသလိုပါပဲ...

"ကိုယ်က ရိပေါ်ကို စာတွေပို့နေတဲ့ Zack ပါ"

~Zack??? Z က Zhan မဟုတ်ပဲ Zack တဲ့လား~

"ဟုတ် ကျွန်တော်ရိပေါ်ပါ"
"ရိပေါ်လာခဲ့ပေးတာ ကိုယ်သိပ်ဝမ်းသာတယ်"

ခပ်ဝဲဝဲတရုတ်သံနဲ့ မျက်နှာချိုတဲ့ ကပြား Zack ဆိုတဲ့သူကို ဒီိအခြေအနေသာမဟုတ်ရင် ခင်မင်မိမှာပဲ...

Zackနဲ့တွေ့နေတဲ့တစ်ချိန်လုံး ထိုသူကဘာတွေပြောလို့ သူကဘာတွေပြန်ဖြေမိလဲလည်းမသိ၊ ဘာတွေစားခဲ့မှန်းလဲမသိ၊ အိမ်ကိုတောင်ဘယ်လိုပြန်ရောက်ခဲ့မှန်းမသိတဲ့ထိ ရိပေါ်ဟုန်နေပြီ...

မျှော်လင့်ချက်နဲ့ နာကျင်ရမှုဟာ တိုက်ရိုက်အချိုးကျပါတယ်... ရိပေါ်က သူ့နှလုံးသားတစ်ခုလုံးရင်းပြီးတော့ကိုမျှော်လင့်ခဲ့တာမှန်း နာကျင်ရတဲ့အချိန်မှ သေချာသိလိုက်ရတယ်...အခုသူ့ရင်ဘတ်တစ်ခုလုံး အကန်ခံထားရသလိုကို နာကျင်နေရတာ...ဒါတောင် ကျန့်ကောက သူ့ကို April fool လုပ်တာများဖြစ်မလားရယ်လို့ အမှတ်မရှိမျှော်လင့်မိတုန်း...

LettersWhere stories live. Discover now