"ကျန့်ကော အလုပ်များနေတာလား"
"အင်း နဲနဲပါ... ဧည့်သည်တွေရောက်နေတာနဲ့...
ပြပွဲအတွက်ကတော့ တော်တော် ready ဖြစ်နေပါပြီ.."
"ကျန့်ကောရဲ့ကားတွေရောပါမှာလား.."
"အင်း တစ်ကားပဲ... ဒီပွဲက LGBT community က host တာလေ... ကိုယ်က အဲ့ theme နဲ့ သိပ်မဆွဲဖြစ်တာနဲ့ တစ်ကားပဲပါမယ်.."

ရိပေါ်သူ့ရှေ့က ရှောင်းကျန့်ကို ငေးနေမိတယ်.. ရှောင်းကျန့်ကလဲ သူ့ကို ပြန်ငေးနေတာသတိထားမိတော့ ရင်ထဲငြိမ့်ငြိမ့်ကလေးရယ်...

~ကျန့်ကော ဒီနေ့မျက်လုံးတွေ မှိုင်းလိုက်တာ... အလုပ်များပြီးပင်ပန်းလို့များလား..ခုနက ဧည့်သည်တွေနဲ့တုန်းကတောင် လန်းဆန်းနေသေးတာ~

"ကော နေကောင်းရဲ့လား... သိပ်မလန်းသလိုပဲ"

ရိပေါ်မေးလိုက်တော့ ရှောင်းကျန့် ဆတ်ကနဲဖြစ်သွားပြီး

"နေကောင်းပါတယ်.. ကိုယ်အလုပ်များသွားလို့ပါ...
ရိပေါ် ကိုယ်အလုပ်တစ်ခု သတိရလို့...သွားတော့မယ်နော်.."

~ကြည့်.... အမြန်ကြီးထွက်သွားပြန်ပြီ..~

ရှောင်းကျန့်က အဲ့လိုပဲ... ပြောဆိုနေရင်း အကောင်းကြီးကနေ ဒီလို ထထထွက်သွားတဲ့ အကျင့်ကရှိသေးတာ...
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တွေ့လိုက််ပြီမို့ ရိပေါ်စိတ်ကျေနပ်ပြီး အိမ်ပြန်လာခဲ့လိုက်တယ်...

အိမ်ရောက်တော့ စာတိုက်ပုံးလေးမှာ စာအိတ်အပြာလေးက စောင့်ကြိုနေတယ်...အခန်းထဲရောက်လို့ စာကိုဖွင့်ဖတ်လိုက်တဲ့အခါ

"ကောင်လေးရေ
ကိုယ်စာတွေပို့နေတာ ၄လပြည့်ပြီ... ကိုယ် ရိပေါ်နဲ့ အပြင်မှာတွေ့ခွင့်ရှိမလား... ဒီတိုင်းပေါ့ပေါ့ပါးပါး ထမင်းစားရင်း စကားပြောကြတာမျိုးပဲမို့ ကောင်လေးကို ဝန်တော့မလေးစေချင်ဘူး... ကိုယ်ဒီလိုနေ့ကို အကြာကြီးစောင့်ခဲ့ရတာမို့ ကောင်လေးမလာမချင်းစောင့်နေမယ်နော်....ကိုယ် ကောင်လေးနာမည်နဲ့ reserve လုပ်ထားတယ်..

From Z"

ရိပေါ်စာကိုရော စာနောက်ဖက်
က အချိန်နဲ့ location map လေးပါတဲ့ စာမျက်နှာကိုရော ၃ ခေါက်လောက်ဆက်တိုက်ဖတ်နေမိတယ်... ရင်ခုန်ရလွန်းလို့ လက်တွေပါတုန်နေပြီ..လူကအာကာသထဲမှာ မျောနေသလိုခံစားနေရတယ်..

LettersWhere stories live. Discover now