ချစ်လှစွာ​သော သူငယ်ချင်းကြီးကကောက်ခါငင်ကာကြီးထပြန်သွားတာများ ဆဲဖို့အချိန်တောင်မမှီလိုက်ဘူး.. စားသောက်သွားတာတွေလဲသိမ်းကူမသွားဘူး.. ဒါပေမဲ့လဲ သူ့အကြံကမဆိုးဘူးဆိုတော့ သည်းခံလိုက်ပါတယ်လေ..

ဒီလိုနဲ့ နောက်နေ့မှာ Zio ကိုထွက်လာလိုက်တယ်..ကျန့်ကောလက်ရေးမြင်ရဖို့ mission ကို ကိုင်စွဲလို့ပေါ့...

ကံကောင်းချင်တော့ ထိုင်နေကြနေရာမှာကျန့်ကောရှိနေတယ်..

"ကျန့်ကော"
"လာ ရိပေါ်..
ညီလေး black coffee တစ်ခွက်ပေးပါ"

ရိပေါ် သူ့အတွက်အလိုက်တသိမှာပေးတဲ့ ကျန့်ကောကို သဘောကျလွန်းလို့ပြုံးနေမိတော့တာ...

"ကျေးဇူး ကျန့်ကော..
ပြပွဲအတွက်ပြင်နေတာ အဆင်ပြေလားကော.. ကျွန်တော်ကူညီလို့ရတာရှိရင်ပြောနော်.. အခုတစ်လောအားနေတာ..."
"အင်း..အဆင်ပြေတယ်"

ကျန့်ကောက သူ့ gallery မှာလုပ်မဲ့ပွဲအကြောင်းပြောပြနေတုန်း ရိပေါ်ကတော့ သူ့ mission အကောင်အထည်ဖော်ဖို့ အကဲခတ်နေပါတယ်..

~ကောအင်္ကျီအိတ်ကပ်ထဲမှာ ဘောပင်..
ဘေးမှာစာအုပ်တစ်အုပ်.. ok!! mission စမယ်~

ရိပေါ်ဖုန်းဝင်လာသလိုနဲ့ ဖုန်းထူးလိုက်တယ်
ပြီးတော့

"ကျန့်ကော ကျန်တော့်ကို ဖုန်းနံပါတ်လေးတစ်ချက်ရေးမှတ်ပေးပါလား..
09.......... နာမည်က ဝမ်ကျားအာ"

ရွတ်ပြီးလို့ ကျန့်ကောလိုက်မှတ်ပေးတာကိုကြည့်လိုက်တာနဲ့တစ်ပြိုင်နက် ရိပေါ်ခဲလေသမျှ သဲရေကျ...
ကျန့်ကောက ဘောပင်လဲမကိုင် စာအုပ်လဲမထိပဲ သူ့ဖုန်းထဲမှာမှတ်ပေးနေတာကိုး...

~သေစမ်း.. ဘောပင်နဲ့ရေးမှတ်လေဗျာ ကျန့်ကောကလဲ..~

ရိပေါ်အောင့်သက်သက်နဲ့ပဲ သိပြီးသား Jackson ရဲ့ဖုန်းနံပါတ်ကြီးကိုယူမှတ်ပြီး ကော်ဖီဆက်သောက်နေရတယ်...

ရုတ်တရက် ကောင်မလေးတစ်ယောက်ရှောင်းကျန့်နားလာရင်း မဝံ့မရဲပြောလာတယ်..

"ဆရာ သမီးက ဆရာ့ပန်းချီတွေရဲ့ပရိသတ်ပါ.. အော်တိုလေးထိုးပေးပါလားဟင်"

LettersΌπου ζουν οι ιστορίες. Ανακάλυψε τώρα