အပိုင်း - ၄၄ (Zawgyi + Unicode)

Start from the beginning
                                    

လေးငယ်က နှုတ်ခမ်းကိုတွန့်ရင်း ခပ်ထေ့ထေ့ပြုံးကာ

" မင်း စားချင်တာရော ဟုတ်လို့လား ချမ်းရာ ၊ မင်းအကွက်တွေ ငါသိပါတယ် "

" လေးငယ်နော် "

ချမ်း ရှက်ကိုးရှက်ကန်းဖြစ်ကာ စူကောက်ကောက်နှင့် ထ,အော်တော့ လေးငယ်ရော မေရောက ရယ်ကြတော့သည် ။ ချမ်းရဲ့ဦးကတော့ ပြုံးတုံ့တုံ့သာ လုပ်နေလေ၏ ။

တကယ်တော့ အသီးအရွက်တွေကိုသာ မက်မက်မောမောစားတတ်တဲ့ ချမ်းက အသားနဲ့ပတ်သက်တဲ့အစားအသောက်တွေကို သိပ်ပြီးအာသီသမရှိတတ်ပါ ။ ဒါပေမယ့်လည်း ဦးသာက ဘဲကင်ကြိုက်တယ်ဆိုတာကို သိရှိထားတာကြောင့်မို့ စားစေချင်တဲ့စိတ်နဲ့ ထိုသို့အကြံပြုမိသွားတာ ။ ဒါကို လေးငယ်က မသိချင်ယောင်ဆောင်မနေဘဲ ဖော်ကောင်လုပ်တော့ ချမ်းပဲ ရှက်ရတော့တာပေါ့ ။

အဲ့ဒီ လေးငယ်ဟာ ဒါ့ကြောင့် ခုချိန်ထိ ရည်းစားမရတာနေမှာ ။

မိသားစုအကုန်လုံးက ပြုံးပြုံးရွှင်ရွှင်စားသောက်နေတဲ့အချိန်မှာ ချမ်းကတော့ ကိုယ့်အကြံနဲ့ကိုယ် အကွက်ချတွက်ချက်နေမိသည် ။ အကြံထုတ်နေရတာနဲ့တင် ကိုယ့်ဟာကိုယ် ဘာတွေစားလို့စားမိမှန်းတောင် မသိတော့ချေ ။ နောက်ဆုံး အားတင်းကာ စိတ်ဆုံးဖြတ်ချက် ချလိုက်ရင်း

" မေ့ ချမ်း သိချင်တာရှိလို့ "

" ဘာကိုလဲ ချမ်းရဲ့ "

" မေနဲ့ဖေဖေက ချစ်သူဖြစ်ပြီး ဘယ်လောက်ကြာတော့ လက်ထပ်လိုက်တာလဲ "

" ဟင် မေ့သားက ဘာစိတ်ကူးပေါက်ပြီး ဒါကို ကောက်ခါငင်ခါ လာမေးနေတာလဲ "

" သိချင်လို့ပါ ၊ လေးငယ်က ပြောတော့ ဖေဖေက မေတို့မိသားစုကို စောင့်ရှောက်လာတဲ့သူမို့ မေကလည်း အားကိုးပြီး ဖေဖေ့ကို လက်ခံခဲ့တာဆို "

" အင်း အဲ့လိုသဘောလည်း ပါတာပေါ့ "

" အဲ့ဒါ လက်ခံပြီး ဘယ်လောက်ကြာတော့ လက်ထပ်လိုက်လဲ သိချင်တာ "

" သိပ်မကြာဘူး လက်ထပ်ဖြစ်တာပါပဲ ၊ အဲ့ဒီအချိန်မှာ ချမ်းရဲ့ဖိုးဖိုးကလည်း ကျန်းမာရေးမကောင်းတော့ အမြန်ပဲစီစဉ်ဖြစ်သွားတာ "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now