ရိပေါ်ရင်ထဲ ဒိန်းကနဲပဲ... ကျန့်ကောက ကောင်လေးလို့ခေါ်လိုက်တိုင်း သူ့ထင်နေတာတွေမှန်တယ်လို့ မျှော်လင့်ချက်တွေကလဲ တစ်ရိပ်ရိပ်တိုးလို့....
ရိပေါ် စကားဖြတ်ကာနာမည်ကိုခေါ်မိတော့ ကျန့်ကောက မျက်လုံးလေးပြူးလို့ ကြောင်ကြည့်နေတယ်..

"Ah sorry ကျန့်ကော... ကျွန်တော်လောသွားတယ်.. ကျန့်ကော ဘာလို့ကျွန်တော့်ကို ကောင်လေးလို့ခေါ်တာလဲ?"
"ဪ... ကိုယ့်ထက်ငယ်တဲ့ ပိစိလေးမို့ပေါ့.. ကိုယ်က ရိပေါ်အရွယ်ညီတစ်ဝမ်းကွဲလေးကိုလဲ ဒီလိုပဲခေါ်တာမို့... ရိပေါ်မကြိုက်ရင်လဲ ကိုယ်ပြောင်းခေါ်ပါမယ်.."

~သူများကိုလဲခေါ်တာပဲတဲ့လား..~

ရိပေါ်အားတင်းပြုံးရင်းနဲ့...

"မဟုတ်ပါဘူးကောရ.. ကျွန်တော်သိတဲ့သူတစ်ယောက်ကလဲဒီလိုပဲခေါ်တာမို့လို့မေးကြည့်တာ"
"အေးတယ်ရိပေါ်ရ.. ဒါလေးပတ်သွား..
ကိုယ်အလုပ်ဆီပြန်သွားတော့မယ်နော်.. see you later.."

ကျန့်ကောက ပြောပြောဆိုဆိုနဲ့ သူ့မာဖလာအပြာမှိုင်းမှိုင်းလေးကိုပတ်ပေးကာ gallery ထွက်သွားတော့တယ်..

စီးကရက်နံ့ပြေပြေနဲ့ မာဖလာလေးက ရိပေါ်လည်ပင်းမှာ ပတ်ထားတာပေမဲ့ နွေးနေတာကတော့ နှလုံးသားထဲမှာပဲဖြစ်ပါတယ်..

ရိပေါ်အိမ်ကိုပြန်ရောက်တဲ့ထိ မာဖလာလေးကိုမချွတ်မိသေးဘူး..ကုတင်ပေါ်တက်လိုက်ပြီး သူသေချာစဉ်စားနေမိတယ်..စာအိပ်အပြာတွေပိုင်ရှင်က ကျန့်ကောဖြစ်မှဖြစ်မှာလား... ဒီတိုင်းသပ်သပ်ဆီအနေနဲ့ တစ်ကန့်ဆီသဘောကျတော့ရောဘာဖြစ်လို့လဲဆိုတာကိုပေါ့...တစ်ဆက်တည်းမှာလဲ ကျန့်ကောပဲဖြစ်စေချင်တဲ့လောဘလေးကလဲတွဲရက်....

~လောဘတကြီး ဆက်မျှော်လင့်နေဦးမယ် ကျန့်ကော...ကျွန်တော်ကခေါင်းမာတာမို့..~

_______________

(Zawgyi)

ရိပေါ် မရောက်ဖြစ်တာ တစ်ရက်တောင်ရှိပြီဖြစ်တဲ့ Zio ကို ထပ်ထွက်လာခဲ့တယ်... မနေ့က ဖျားချင်သလိုဖြစ်နေတာနဲ့ အိမ်တွင်းအောင်းလိုက်ရတာမို့မလာဖြစ်လိုက်တာ.. တစ်ချို့ fangirl လေးတွေတောင် ရိပေါ်လာတတ်တာသိလို့ Zio မှာ လာလာစောင့်ပြီးချောင်းကြည့်နေတတ်ကြပြီ...

LettersTahanan ng mga kuwento. Tumuklas ngayon