"ကျန့်ကျန့်၊ ကိုယ် သွားပြီနော်"

  ရှောင်ကျန့်၏ နဖူးပြေပြေလေးကို ဖွဖွလေးနမ်းကာ ပြော၏။

  "ဟုတ်၊ ကိုကို"

 



   No one can destory the strength of devotion that is real great.

   မွန်မြတ်မှန်ကန်တဲ့ အချစ်ရဲ့စွမ်းအားကို မည်သူတစ်ဦးတစ်ယောက်ကမျှ မဖျက်ဆီးနိုင်ပေ။





  ရီပေါ် တကယ်ပျော်ရွှင်နေမိသည်။ မကြာခင် သူ၏ လူသားလေးက၊ ဒီခန်းမကြီးနှင့် ဧည့်ခံပွဲသို့လာရောက်ဂုဏ်ပြုကြသည့် ဧည့်ပရိတ်သတ်များကို ဖြတ်ကျော်ကာ၊ ရောက်ရှိလာမည့် သူ၏ လူသားလေးကို၊ တကယ်ပင် တွေ့ချင်လွန်းလှပြီ။

  ထိုချိန်.....

  ပန်းခြင်းလေးကို ကိုင်ပြီး၊ တစ်လှမ်းချင်း လှမ်းကာ ပန်းလေးတွေကို ဖြန့်ကြဲလျက်၊ ခန်းမကြီးထဲ ဝင်လာသည်က သူ၏ ချစ်လှစွာသော၊ တစ်ဦးတည်းသောသား ဝမ်ရီကျန့်လေးပင်။

  ဝမ်ရီကျန့်လေး၏ နောက်တွင်၊ ဦးရှောင်ဝေ၏ လက်ကိုချိတ်၍ အေးမြလှသောအပြုံးလေးက၊ လေပြည်နုလေးပမာ မျက်နှာထက်တွင် ချိတ်ဆွဲလျက်၊ ခန်းမထဲသို့ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ဖြည်းညင်းစွာ လျှောက်လာ၏။

  ရီပေါ်၊ တကယ် စိတ်မရှည်ဖြစ်ရပါသည်။ ရှည်လျား ကျယ်ဝန်းလှသော ခန်းမကြီးကိုလဲ၊ စိတ်ထဲကနေ မေတ္တာပို့နေမိသည်။ ခန်းမကြီးကပဲ  ရှည်လျားနေတာလား၊ ရှောင်ကျန့်တို့ပဲ လမ်းလျှောက်နှေးနေတာလား၊ သူ တကယ်မသိတော့ပါ။

  (5)မိနစ်ကြီး ကြာပြီးချိန်မှာတော့ သူ၏ လူသားလေးက၊ မင်္ဂလာစင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။ ထို့နောက် ဦးရှောင်ဝေက.....

  "သားကျန့်ကို၊ မင်းလက်ထဲ အပ်ပါတယ် ရီပေါ်၊ သားကျန့်ကို ပျော်ရွှင်အောင်ထားပါလို့၊ Uncle ခွင့်ပြုချက်တောင်းပါတယ်"

  ဦးရှောင်ဝေက ရှောင်ကျန့်ချိတ်ထားသည့်လက်ကို ဖြုတ်၍၊  သူ၏ လက်ထဲထည့်ကာ ပြောသဖြင့်၊ ဝမ်ရီပေါ် ခေါင်းညိတ်၍.....

  "ကျွန်တော် ကတိပေးပါတယ် Uncle၊ ကျန့်ကျန့်ကို ဘယ်တော့မှစိတ်မဆင်းရဲစေရပါဘူး၊ ကျန့်ကျန့်ရော သားလေးပါ ကျွန်တော် အပြည့်အဝကာကွယ်ပေးသွားမှာပါ၊ ဘယ်တော့မှ မဖောက်ပြားတဲ့ အချစ်စစ်နဲ့ချစ်ပြီး ကျန့်ကျန့်နဲ့ သားလေးကို၊ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေး ဖန်တီးပေးသွားမှာပါ"

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now