Part-1

25.3K 1.3K 20
                                    

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီEp-1

Unicode

ကျွန်တော့်ကိုလူတွေက အထူးသဖြင့်ကျွန်တော့်ရဲ့မိဘအသိုင်းအဝိုင်းတွေကပေါ့.....

အဆိုးမြင် ဝါဒသမားတဲ့.....

အရာအားလုံးကို အကောင်းဘက်ကနေမကြည့်တတ်တဲ့ ယောကျာ်းတဲ့.....

အမြဲတမ်း...ဒေါသတကြီး ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံနေသူတဲ့.....

ဟုတ်တယ်...ဘာဖြစ်လဲ...ကျွန်တော့်စိတ်ထဲမှာအမြဲတမ်းအလိုမကျမှုတွေ...မုန်းတီးနာကြည်းမှာတွေ ရှိနေခဲ့တာတော့အမှန်ပဲဖြစ်သည်။

ဘာဖြစ်လို့လဲဆိုတော့.....

ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အမြဲတမ်း လိုအပ်ချက်တွေရှိနေလို့ပါပဲ.....

ပါးက ကျွန်တော့်ကြောင့် စီးပွားရေးတွေပျက်ရတာတဲ့.....

ကျွန်တော့်ကို ကိုယ်ဝန်ရှိကတည်းက ပါးတို့ စီးပွားရေးလုပ်ငန်းတွေအားလုံး အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရသည်တဲ့.....

"သမီးကြီး ရှောင်လင်းယွီကို ကိုယ်ဝန်ရှိကတည်းက စီးပွားရေးတွေအရမ်းဖြစ်တာပဲ အလုပ်အကိုင်တွေလည်း အဆင်ပြေလိုက်တာ ချမ်းတာကြွယ်ဝမှုတွေကတော့ အိပ္မက္ပမာပဲ အငယ်ကောင် ရှောင်ကျန့်ကို ကိုယ်ဝန်ရှိတော့မှ ဒုက္ခတွေ အကြီးအကျယ်ရောက်တော့တာပဲ ဘာလုပ်လုပ်အဆင်မပြေချင်ဘူး လုပ်ငန်းတွေမှန်သမျှ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ရတယ် နောက်ဆုံး ရှောင်အိမ်တော်ကြီးမီးလောင်ဆုံးရှုံးခဲ့ရတဲ့ အထိပဲ

ကျွန်တော်5နှစ်သားအရွယ်တွင် ကျွန်တော်တို့နေထိုင်သော ရှောင်အိမ်တော်ကြီး ဝါယာမွ ရှော့(ပ)ဖြစ်ကာ ရုတ်တရက်မီးစွဲလောင်ခဲ့ရသည့်အဖြစ်နှင့် ရင်ဆိုင်လိုက်ရသည်။

ဒုက္ခတွေရောက်ခဲ့ကြရ၏။
သောကတွေ ပင်လယ်ဝေခဲ့ကြရတော့သည်။
အိမ်ခြေရာမဲ့တဲ့ ဘဝအထိ ရင်ဆိုင်ဖြတ်သန်းခဲ့ကြရ၏။

အဲဒါတွေ အားလုံး...ကျွန်တော့်ကြောင့်တဲ့.....

"ဂြိုဟ်ကောင်လေး...မိဘကိုငယ်ငယ်ကတည်းက ဒုက္ခပေးခဲ့တာ ကြီးတော့လည်း အကြောကမာမှမာပဲ ဘယ်သူ့ကိုမှအကောင်းမမြင်ဘူး"

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now