Episode (45)

1.4K 153 18
                                    

Zawgyi

" အလင်္ကာ တကယ်မလာတော့ဘူးလား ''

" တကယ် မလာတော့ပါဘူးဆို ဆရာ့ကို ငါအရမ်း
နေမကောင်းဖြစ်နေတာလို့ပြောလိုက် နေဦး နေဦး
နေမကောင်းတာလို့မပြောနဲ့ မယုံပဲနေလိမ့်မယ် ငါ
ရော ခွန်းမြတ်ထွဋ်ကော ဝမ်းလျှောနေတာ သေတော့
မှာလို့ပြောလိုက် ''

" ဟာ...ပေါက်တက်ကရကွာ ''

" ငါပြောတဲ့ အတိုင်းသာ ပြောလိုက်စမ်းပါ ''

BLACKPINK MV အသစ်ထွက်မယ်ဆိုသည့်အချက်နှင့်
အလင်္ကာလည်း အကြောင်းပြချက်မျိုးစုံနှင့် ကျောင်းပြေး
လိုက်သည် ။ ခွန်းမြတ်ထွဋ် ကတော့ အလင်္ကာမသွားသည့် အချက်နှင့် ပြေးခြင်းဖြစ်သည် ။ ဘယ်လိုပဲဆိုဆို
ယနေ့တွင် ကောင်လေးနှစ်ယောက်လုံး ကျောင်းပြေးကာ အိမ်တွင်ရှိနေကြသည် ။

" ကိုကို ကော်ဖီလား အိုဗာတင်းလား ''

" အိုဗာတင်း အိုဗာတင်း ချိုချိုလေးဖျော်ပေးနော်
အာလူးကြော်လေးကော ယူခဲ့ပေးဦး ကြောင်အိမ်
အောက်ဆုံးထပ်မှာ အိတ်အမဲလေးနဲ့ထုတ်ထားတယ်''

ဖုန်းနှင့်မျက်နှာနှင့် မခွာနိုင်စွာ ကုတင်ပေါ်မှ တတွတ်တွတ်ခိုင်းနေသော ထိုကောင်လေးကိုလည်း ခွန်းမြတ်ထွဋ် အပြစ်မမြင်ရက် ။ ပို၍ပင် အချစ်တိုးရပြန်သေးသည် ။ အိုဗာတင်းထုပ်အား ဖောက်ကာ ဖန်ခွက်ထဲထည့် ၊အချိုကြိုက်သည့်သူ့ကောင်လေးအတွက် နို့ဆီတစ်ဇွန်းပါထည့်ရင် ကျကျနနဖျော်ပေးနေသည် ။

" အားးးး!!''

အပေါ်ထပ်မှ အလင်္ကာ၏ အော်သံကြောင့် ခွက်ပင်လွှတ်ကျမတတ် ဖြစ်သွားသည် ။ အခန်းထဲသို့ မြန်မြန်ဝင်
ကြည့်လိုက်သည့်အခါတွင်တော့ မျက်လုံးအရောင်တလက်လက်ဖြင့် ဖုန်းကိုင်ထားသော အလင်္ကာအား
မြင်လိုက်ရသည် ။

" အရမ်း အရမ်း မိုက်တယ်....တစ်သက်တာအတွင်း
အကြိုက်ဆုံး သီးချင်းပဲ ငါ့ကောင်မလေး ၅ ယောက်
လုံး မိုက်နေရောပဲ ''

သီးချင်းတစ်ပုဒ်အသစ်ထွက်တိုင်း အလင်္ကာ၏ အကြိုက်ဆုံးမှာ ပြောင်းပြောင်းသွားတတ်သည် ။ ယခုလည်း
MV အသစ်အား သားရေကျမတတ် ကြည့်နေသည် ။

The First Step Of Our DreamsWhere stories live. Discover now