"အစ်ကိုရှောင်းကျန့်ရှိပါလားခင်ဗျ"
"သူဌေး ဒီနေ့မလားပါဘူးရှင်"

~what?! သူဌေး??~

"ဪ..ဟုတ်ကဲ့..မနက်ဖြန်ရောခင်ဗျ"
"သူဌေးက ခရီးထွက်သွားတာဆိုတော့ ဘယ်နေ့ပြန်ရောက်မယ်တော့ မပြောနိုင်ပါဘူးရှင့်"
"ဟုတ် ကျေးဇူးပါဗျ"

~ခင်ဗျားဟာလေ အရေးထဲမှ ခရီးသွားရတယ်လို့..ဒီတိုင်းဝန်ထမ်းထင်နေတာ..သူဌေးဆိုတော့လဲ အလုပ်ထုတ်ခံရတာတို့ ထွက်တာတို့မရှိတော့ ဝေးဝေးပြေးလို့မရဘူးပေါ့လေ... နောက်နေ့ပေါ့ကျန့်ကောရာ..~

ရိပေါ် ကိုယ့်ကိုကိုယ် အားပြန်တင်းနေပေမဲ့ နည်းနည်းတော့စိတ်ပျက်မိတယ်..ရင်းနှီးမယ်မှမကြံသေးဘူး ခရီးထွက်သွားတယ်ဆိုတော့လေ..တစ်ခြားလုပ်စရာမရှိတော့လဲ အိမ်ပဲပြန်လာခဲ့လိုက်တယ်..

အကျင့်ပါနေတဲ့ စာတိုက်ပုံးစစ်တဲ့အလုပ်လုပ်မိတော့ လက်ထဲ စာအိတ်အပြာလေးပါလာတယ်..စိတ်ကျေနပ်တာနဲ့မကျေနပ်တာက တစ်ဝက်စီရောလို့...
ဖတ်နေကြစာအိတ်လေးရောက်နေလို့ကျေနပ်မိပေမဲ့ ခရီးသွားနေတဲ့သူဆီကနေ စာရောက်နိုင်ခြေက နဲတာမို့ ကျန့်ကောမဟုတ်ဘူးလားတွေးမိတော့ နဲနဲတော့ အောင့်သက်သက်ပေါ့..ချက်ချင်းဖောက်ဖတ်လိုက်တဲ့အခါ လက်ရေးသော့လေးတွေနဲ့...

"မီးပုံးပွဲမှာ ယွမ်ရှောင်းနွေးနွေးလေး စားရင်း လပြည့်ညကို ခံစားပါ။ ကိုယ်လဲ ဒီလိုအချိန်ကို ကောင်လေးနဲ့အတူအချိန်ကုန်နိုင်ရင်ကောင်းမှာပဲ။

From Z"

စာကိုဖတ်ပြီးမှ စာတိုက်ပုံးထဲပြန်ကြည့်ဖြစ်တော့ အပြာရောင်ဗူးတစ်ဗူးကို ထပ်တွေ့တယ်။ ခုနက စိတ်လောနေတာနဲ့ ဒီဗူးကို သတိမထားမိဖြစ်သွားတာ။ဗူးကိုထုတ်ပြီး ရင်ခွင်ထဲပိုက်လိုက်တဲ့အခါ နွေးထွေးမှုက ရိပေါ် နှလုံးသားထဲထိရောက်သလိုခံစားရတယ်။

အိမ်ထဲရောက်လို့ ဗူးကိုဖွင့်လိုက်တဲ့အခါ ရောင်စုံယွမ်ရှောင်းလေးတွေကိုမြင်လိုက်ရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဇာတိကိုမပြန်ဖြစ်တဲ့ရိပေါ်က မားလုပ်ကျွေးတဲ့ ယွမ်ရှောင်းကို မိသားစုစုံစုံလင်လင်နဲ့အတူစားကြရင်း မီးပုံးပွဲနေ့ကိုကုန်ဆုံးကြတာကို လွမ်းနေတာ။
စားကြည့်လိုက်တဲ့အခါ မားရဲ့လက်ရာကိုမမှီပေမဲ့ သူ့ကို emotionally satisfied ဖြစ်စေပါတယ်...

LettersTahanan ng mga kuwento. Tumuklas ngayon