Unicode

531 36 7
                                        

ကောင်းကင်ပေါ်က မိုးစက်မိုးပေါက်တွေ ကြွေဆင်းလာတိုင်း တစုံတယောက်ကို လွမ်းမိနေခြင်းဟာ နှစ်နဲ့ချီပြီးကြာလာတဲ့အခါ အလွမ်းတွေက အလေ့အကျင့်တစ်ခုဖြစ်လာရသည်။

   သဲကြီးမဲကြီးလည်းမဟုတ်၊ခပ်ဖွဲဖွဲလည်းမဟုတ်၊လေးတိလေးကန် တအီအီရွာနေသောမိုးက လေတစ်ချက်ဝှေ့တိုင်း ကော်ရစ်တာမှာရပ်နေတဲ့ကျွန်တော့်ကို ကလူကျီစယ်သည်။

   တံစက်မြိတ်က ကျလာတဲ့ မိုးရေစက်တွေကို ကြည့်ရင်း အတင်းအကြပ်မေ့ထားတဲ့ အတိတ်မှတ်ဥာဏ်တချို့က ကျွန်တော့်အတွေးထဲ ရုပ်ရှင်ပိတ်ကားတစ်ခုလို တစ်ကွက်ချင်းစီ ပေါ်လိုက်ပျောက်လိုက်။

  "ဟာ...ထီးမဆောင်းချင်ပါဘူး။ကိုင်ရတာရှုပ်တယ်"

   မှတ်မှတ်ရရ ဇူလိုင် ၃၁ မှာ ကျွန်တော့်ကံကြမ္မာလေးကိုစတွေ့ခဲ့သည်။အပြာ‌ရောင် မိုး‌ကောင်းကင်ကြီးအောက်မှာမဟုတ်။မိုးရေတွေကြားက ဖြူဖြူဖွေးဖွေး၊ မှုန်ကုပ်ကုပ်၊ဂျစ်ကန်ကန်လေး။မိုးရေထဲ ထီးမပါဘဲလျှောက်သွားလို့ မာန်မဲနေတဲ့သူ့မိခင်ကို သူကအလိုမကျစွာ မျက်ခုံးကို အစွမ်းကုန် တွန့်ချိူးထားသည်။နောက်ပိုင်း ကျွန်တော်နဲ့အတူနေတဲ့အခါမှာလည်း မိုးရေထဲ ထီးမပါဘဲသွားမြဲပင်။ 'အလင်း' ဆီမှာ သူပိုင်ဆိုင်တဲ့ထီးတစ်လက် ဘယ်တုန်းကမှမရှိခဲ့။

  "မင်း..ဆရာဝန်ဖြစ်ရင်တော့ ငါဆေးဖိုးမကုန်တော့ဘူး။ငါနေမကောင်းဖြစ်တိုင်း မင်းက ဘေးမှာရှိနေမှာမို့"

   'အလင်း' က သူ့ညာဘက်ပါးပြင်ကပါးချိုင့်လေး နစ်ဝင်သွားတဲ့အထိ ပြုံးပြီး အမြဲပြောလေ့ရှိသည်။တကယ်တမ်း သူ့ကို ကုသဖို့အခွင့်အရေး ဘယ်တုန်းကမှမပေးခဲ့။သူ့‌နောက်ဆုံးထွက်သက်မှာတောင် သူ့ဘေးနားမရှိနိုင်ခဲ့။အဆုံးမှာတော့ သူက တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ်လွတ်ရုန်းသွားခဲ့သည်။

"သွေး ...ဟေ့ကောင်"

   ပခုံးပေါ်ရောက်လာတဲ့ လက်တစ်ဖက်ကြောင့် ပစ္စုပ္ပန်ဆီသို့ ဆွဲယူခံလိုက်ရပြီး အတွေးစတွေ အကုန်လွင့်ပါးသွားသည်။

"ငါကြည့်နေတာကြာပြီ။ပန်းစည်းကြီးကိုင်ပြီး ဘာတွေရှိုးလုပ်နေတာလဲဟေ့ကောင်။စပရိုက်စ်လား ရည်းစားကိုပေးဖို့လား ။ဒါမှမဟုတ်အငြင်းခံလိုက်ရတာလား"

Unexpected EncounterWhere stories live. Discover now