ရိပေါ်ပြောလိုက်တော့ ထိုသူက အံ့ဩရိပ်ကလေးနဲနဲဖြတ်ပြေးသွားသလိုလို..

"ကျွန်တော်က ၂၃ နှစ်ရှိပြီ... အကိုက ကျွန်တော့်ထက်နဲနဲပိုကြီးမယ်ထင်တယ်"
"ကိုယ်က ၂၈"
"ဒါဆို ကျန့်ကော လို့ခေါ်မယ်လေ.. နောက်တွေ့ရင်လဲ ကော်ဖီအတူတူသောက်ကြတာပေါ့...ကျွန်တော်က ခဏခဏလာဖြစ်တယ်ဒီကို"

ဘုရားစူးရိပေါ်ပါပဲ... စကားတွေဘယ်လိုတောင်ဖောင်ဖွဲ့မိနေတာပါလိမ့်...ခဏခဏလာဖြစ်တဲ့ဒီဆိုင်ကို နောက်ကျရင် ပိုလာဖြစ်တော့မယ်ဆိုတာ ရိပေါ် ကိုယ့်ကိုကိုယ်သိလိုက်ပါတယ်...
ရိပေါ်စကားတွေပြောနေတဲ့တစ်လျှောက်လုံး ကျန့်ကောကို ကြည့်နေတာ..
ကောရဲ့ပုံစံက ဘယ်လိုလေးပါလိမ့်..
မခင်ချင်တဲ့ပုံလားဆိုလဲမဟုတ်..
ခင်နေတဲ့ပုံလားဆိုလဲမဟုတ်..
တစ်ခုခုဖြစ်နေသလို.. အဲ့ဒီတစ်ခုခုက ဘာမှန်းလဲရိပေါ်မသိ..

ရိပေါ်စကားပြောနေရင်းနဲ့ နောက်ထပ်သိလိုက်ရတာက ကျန့်ကောက အတော်ကို အကြည့်ခံပါတယ်။ ကြည့်လိုက်တာနဲ့ ဆက်ငေးချင်စရာကောင်းတဲ့သူမျိုး...
ဆံပင်တွေဝဲကျနေတဲ့နဖူးရယ်...
ခပ်နက်နက်မျက်ခုံးတန်းလေးတွေရယ်..
ကြည်လဲ့နေပေမဲ့ တစ်ပြိုင်တည်းထဲမှာပဲ နားလည်ရမလွယ်တဲ့ မျက်လုံးအိမ် တောက်တောက်လေးတွေရယ်..
နှာတံသွယ်သွယ်လေးရယ်...
မှဲ့နက်ကလေးနဲ့ နှုတ်ခမ်းပါးရယ်...
နောက်တော့ လည်ပင်းက အကြောဖောင်းဖောင်းလေးရယ်..
စီးကရက်ညှပ်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေရယ်...
ကျန့်ကောရဲ့ အစိတ်အပိုင်းတစ်ခုချင်းကို ရိပေါ်အလွတ်ကျက်နေမိတယ်...

~ကျန့်ကောဆိုတဲ့အမျိုးကလေ ဆေးလိပ်သောက်ကြတာချင်းအတူတူတောင် သူကကဗျာဆန်နေတာမျိုး~

ရုတ်တရက် မန်နေဂျာဆီက ဖုန်းဝင်လာလို့ ရိပေါ်အတွေးတွေ ပြတ်တောက်ကုန်တယ်။

"ရိပေါ် မလာသေးဘူးလား"

နာရီကောက်ကြည့်မိတော့ မိနစ်၂၀လောက် နောက်ကျနေပြီ...

~shit အချိန်က ဘယ်လိုကုန်သွားတာလဲ~

"လာပြီကော.. နောက်၁၅ မိနစ်လောက်ဆိုရောက်ပြီ"

ရိပေါ်ဖုန်းချလိုက်ပြီး ကော်ဖီကို မြန်မြန်လက်စသတ်ကာ..

LettersDonde viven las historias. Descúbrelo ahora