အပိုင်း ၁၉

Start from the beginning
                                    

ရုပ်ရှင်ကြည့်ပြီးသည့်နောက် မုန်းစားရန်နှင့် ကလေးအသုံးအဆောင်များဝယ်ရန် ဟုဆိုကာ ဖယ်ယာလမ်းနှင့် ကုန်သည်လမ်းတောင့်ရှိ ဝှိုက်အဝေးလိဒ်လော့(Whiteaway laidlaw) ကုန်တိုက်ကြီးသို့ သုံးယောက်သား ထွက်လာခဲ့၏။ကုန်တိုက်ကြီးမှာ ရန်ကုန်မြို့တော်ရှိ အကြီးဆုံးကုန်တိုက်တစ်ခုဖြစ်ပြီး နိုင်ငံခြားမှတင်သွင်းသည့် စားသောက်ကုန်များ အ၀တ်အထည်များနှင့် အသုံးအဆောင်များကိုလည်း ရရှိနိုင်၏။

ကုန်တိုက်သို့ရောက်သည်နှင့် မေရီနှင့်မမာဂရက်တို့မှာ နိုင်ငံခြားမှလာသည့် မျက်နှာချေပစ္စည်းများ ထားသည့်နေရာတွင် အချိန်အတော်ကြာအောင် ဖြုန်းပြီးမှ အိမ်အတွက်လိုအပ်မည့် ပစ္စည်းများကို ၀ယ်ယူကြပြန်၏။မိုမိုကမူ နုဒါလေးကြိုက်သည့် နိုင်ငံခြားမှလာသော ချောကလက်ဆိုသည့်မုန့်နှင့် မောင့်အတွက် နွေရာသီ အင်္ကျီချုပ်ဝတ်ရန် ချည်နိုင်လွန် ပိတ်စများဝယ်ခဲ့လိုက်သည်။ကုန်တိုက်ထဲမှ ပြန်ထွက်လာသော် သုံးယောက်စလုံး လက်ထဲတွင် အထုပ်ကြီးအထုပ်ငယ် ကိုယ်စီနှင့်ဖြစ်၏။

အစကအစီအစဉ်မှာ မောင်းထော်မှပန်းသေးခေါက်ဆွဲစားရန် ဖြစ်သော်လည်း ယခုဖြင့် မာဂရက်ကလမ်းမတော်ဘက်မှ မုန့်ဟင်းခါးသွားစားချင်သည်ဟု ဆိုလာ၏။မိုမို့မှာ ယနေ့တစ်နေကုန်နေပူခံရသည်မှာ များနေပြီဖြစ်ရာ ခေါင်းများပင် ကိုက်လာနေပြီဖြစ်၏။မရှယ်လီသည်လည်း အိမ်ပြန်ချင်နေဟန် မိုမိုအား 'မည်သို့လုပ်မည်နည်း'ဟုလှမ်း၍ မျက်စပစ်ပြ၏။မိုမိုခေါင်းသာ အသာခါပြလိုက်၏။အစားသရဲ မာဂရက်မှာ တစ်ခုခုမစားလိုက်ရပဲ ပြန်မည်သူမဟုတ်ကြောင်း မိုမိုကောင်းစွာသိလေသည်။

ထိုအချိန်မေရီကတစ်ခုခုကို တွေးမိသည့်ဟန် ဝမ်းသာအားရနှင့်

"ဟယ်...တို့မေ့နေတာ ယူမုန့်ဟင်းခါးစားချင်တာ လမ်းမတော်ထိသွားစရာမလိုဘူး ဒီဖယ်ယာလမ်း အောက်ဘလောက်နားမှာ ဆိုင်အသစ်ဖွင့်ထားတယ် အဲ့မှာလက်သုပ်လည်းရတယ်"

"ဟာ မသွားချင်ပါဘူးကွာ တို့ကမုန့်ဟင်းခါးဆို လမ်းမတော်ကပဲကြိုက်တာ... ပြီးယူပြောတဲ့ဆိုင်ကအသစ်ဆိုတော့ လက်ငြိမ်မှာမဟုတ်သေးဘူး"

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now