''အာ့..ကလေး..ရုံးခန်းထဲမှာနော်..ဒါအိမ်မဟုတ်ဘူး သတိလဲထားပါအုံးကွာ။''

''ချစ်လို့ကိုက်တာလေ..ခုတော့ကလေးကို
အပြစ်မြင်နေပြီပေါ့..ကိုကိုနော် ကလေးငိုပစ်လိုက်မှာ..''

''အာ..အဲ့လိုသဘောနဲ့ပြောတာမဟုတ်ဘူး
ကလေးရာ..ကိုကို့စိတ်တွေ ထလာရင် ရုံးခန်းကြီးထဲ ကလေးကြောင့် ကိုကိုထန်လာရင် ဘယ်လိုလုပ်ရမလဲ..ပြောလေ။''

''ဟီးဟီး.. လူကြီးအဲ့လောက်ထိ အထိမခံနိုင်ဘူးလား..''

'ကလေး အနိုင်ကျင့်ထားအုံး..အိမ်ပြန်ရောက်ရင်တွေ့မယ်မှတ်..'စိတ်ထဲကသာ
အပြင်မှာတော့...
''ဟဲဟဲ..အလုပ်ဆက်လုပ်လိုက်အုံးမယ်
ကလေးနားတော့လေ ဒါမှမဟုတ်ရင် ဂိမ်းဆော့မလား မဆော့ချင်လဲ စာအုပ်ဖတ်နေပေါ့။''

''ဘာလဲ လူကိုနှင်ထုတ်တာလား..သူ့အနားကနေ''
''မရဘူးဟာ..ကလေးကိုချစ်ရင် ကလေးဆိုးသမျှ ကိုကိုခံရမှာပဲ မဆင်းဘူး ကိုကိုပေါင်ပေါ်ကနေ လုံးဝကိုမဆင်းဘူး ဒါပဲ''

ရစ်နေပါပြီနော်..လွန်းကတော့.

''အဲ့ဒါဆိုရင် ကလေးငြိမ်ငြိမ်နေ မဟုတ်ရင်
ကိုကိုတာဝန်မယူဘူးနော်..''

''ပြီးရော..''

စစ်မဟာစုံစမ်းခိုင်းထားတဲ့ သုတအကြောင်းတွေကို.. ဟိုလူနှစ်ယောက်စုံစမ်းနေတာ သတင်းအစအန နည်းနည်းလေးသာ ရရုံရှိသေးတယ်။

သုတက..bar တစ်ခုမှာ အလုပ်လုပ်ကိုင်ရင်း ဂိုဏ်းစတားတစ်ဦးနဲ့ နည်းနည်းပက်သက်မှုရှိခဲ့တယ်။
အဲ့ဒီ ဂိုဏ်းစတားက သုတကို အတော်လေးချစ်ပုံ ရှိတယ်..ဘာလို့လဲဆိုတော့ သုတရဲ့အရင်ချစ်သူကို သူပဲသတ်ပစ်လိုက်တာ။ အမြဲနှိပ်စက်နေတဲ့ သုတချစ်သူကို
ကြည့်မရတော့တဲ့အတွက် တဖက်လှည့်နဲ့
သူ့လူတွေကို ကိစ္စတုံးခိုင်းလိုက်တော့တယ်။

ဒါကို သုတကမသိ..သူကဂိုဏ်းစတားပါလို့လဲ သုတကိုမပြောထား..သုတကလည်းမသိ..အဲ့ဒီတော့..အနည်းငယ် ပက်သက်မှုတွေကတဆင့် သုတကို အရမ်းချစ်မိခဲ့တဲ့ သူ။

သူ့နာမည်က မဟူရာ..
မဟူရာဆိုတဲ့ ဂိုဏ်းကအနက်ရောင် ကင်းမြီးကောက်ပုံ tattoo ကို ဂုတ်ပိုးနောက်မှာ ထိုးထားတတ်ကြတယ်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now