ချစ်သည်ထက်ပို၍ချစ်သည် 25

Comincia dall'inizio
                                    

🏰🏰🏰🏰🏰🏰🏰🏰🏰🏰🏰

အာရုဏ်တတ်ချိန်ကစပြီး ကိုယ်ရံတော် Kim နဲ့အတူ နန်းတော်ကိုကျောခိုင်းခဲ့ကြသည်

မင်းအတွက်ဆို ကိုယ်အရာအားလုံးကိုစွန်လွှတ်ရဲတယ် Baekhyun ကျေးဇူးပြုပြီးကိုယ်ကို့ပြန်လက်ခံပေးပါ

မြင်းကိုအရှိန်လျင်မြန်စွာ စီးနှင်းနေကြသည့် ကောင်လေး နှစ်ယောက်ရဲ့ ကျောပြင်ဟာ မျှော်လင့်ချက်များစွာနဲ့ ‌စီးနှင်းနေခဲ့ကြသည်မှာ ထိုကောင်းလေးနှစ်ယောက်သာ သိနိုင်သည်

🏯🏯🏯🏯🏯🏯🏯🏯🏯🏯🏯

"မယ်မယ်အားလုံးအဆင်သင့်ဖြစ်နေပါပြီ"

"အင်း  သွားကြတာပေါ့ မသွားခင်‌ နန်းတွင်းထဲကိုတစ်ခေါက်လောက်သေသေချာချာ ကြည့်ချင်သေးတယ်"

"မယ်မယ်~"

"ထွက်သွားပြီးတာနဲ့ ကိုယ်နဲ့ဘာမှမသက်ဆိုင်‌တော့တဲ့နေရာမို့ တစ်ခေါက်လောက်ကြည့်ပါရစေ"

"ကြည့်ခွင့်ပေးလိုက်ပါ"

"မယ်မယ် Yoo"

"‌သေချာဆုံးဖြတ်ပါအုံးလား မိဖုရား JiEun  အခုချိန်နောက်ပြန်ဆုတ်လို့ရပါသေးတယ် ကိုယ့်သားမီးတစ်ယောက်အနေနဲ့ မယ်မယ်ကြီးပြောပြတာပါ မင်းကြီးကိုချစ်ရဲ့သားနဲ့ အဘယ်ကြောင့်လက်လွှတ်ပေးလိုက်တာလဲ"

"ပိုင်ဆိုင်ရမှ အချစ်လို့အဓိပ္ပာယ်ဖွင့်တာမဟုတ်ပါဘူး မယ်မယ် တစ်ဖတ်သက်အနေနဲ့ သူပျော်ရွှင်ဖို့စွန့်လွတ်ပေးရရင်လည်း အချစ်ပါပဲ မယ်မယ် ကိုယ့်ဘေးနားမှာနေပြီးတစ်ခြားသူကိုလွမ်းဆွေး
‌နေမယ့်သူ့အတွက် သူ‌ပျော်ရွှင်နိုင်အောင် ကိုယ့်ဘက်က စွန့်လွတ်ပြီး အဝေးကနေပဲကြည့်ပါရစေမယ်မယ်"

"ဟုတ်ပါပြီ လူတစ်ဦးနဲ့တစ်ဦးခံယူချက်ချင်းမှမတူညီကြတာ
မင်းသဘောပါပဲ JiEun လမ်းခရီးဖြောင့်ဖြူးပါစေ ဒါဆိုသွားခွင့်ပြုပါအုံး"

"‌ဟုတ်ကဲ့ပါမယ်မယ်"

Chan ပျော်ရွှင်ဖို့အတွက် JiEun အချစ်တွေကိုစွန့်လွတ်ပေးတာ တန်တယ်မို့လား JiEun အချစ်တွေ စွန်လွတ်ပေးတာနဲ့တန်အောင် Chan ကပျော်ရွှင်နေမှရမယ်Chan 
JiEun ရဲ့ပထမဆုံးအချစ်နဲ့ နောက်ဆုံးအချစ်ကို သိမ်းပိုက်သွားတဲ့ Chan
ပျော်ရွှင်ပါစေ

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Dove le storie prendono vita. Scoprilo ora