ချစ်သည်ထက်ပို၍ချစ်သည် 16

526 64 4
                                    

ရွှေရောင်များဝင်းပနေသော နေမင်းကြီးသည် တောင်တန်းထဲသို့ဝင်ရောက်ရန်ကြံစည်နေပြီဖြစ်သည်

"မင်းကြီး လမ်းခရီးမှာခဏလောက်အနားယူသင့်ပါတယ်"

"အင်း အနားယူတာပေါ့"

"ဒီနားမှာခဏ နားမယ် မနက်စောစောမှခရီးပြန်ဆက်မယ်"

Chanyeol အနောက်ကိုလှည့်ကြည့်မိသည် ဝေါယာဉ်နဲ့လိုက်ဖို့စီစဉ်ထားတာကို ဝေါ‌ယောဉ်နဲ့မလိုက်ချင်ဘူး မြင်းပဲစီးချင်တာလို့ပြောတာကြောင့် မြင်းနဲ့စီစဉ်ပေးခဲ့ရသည် အခုတော့မောနေသည်ထင်သည် အထိန်းတော်ကြီး ဂျီဟိုကိုဘာတွေပြောနေမှန်းမသိ မျက်နှာလေးကလည်းမဲ့ရွဲ့နေသည်

"မင်းကြီး"

ကိုယ်ရံတော် Kim ကြောင့် ပြန်ပြီးအာရုံလွှဲလိုက်သည်

"ဘာဖြစ်လို့လဲ"

"မိဖုရား JiEun ‌နေမကောင်းဖြစ်နေတယ် မင်းကြီး"

"ခရီးကြမ်းတွေထွက်ခဲတာကြောင့်နေမှာ"

🎪🎪🎪🎪🎪🎪🎪🎪🎪🎪🎪

"အဆင်ပြေရဲ့လား JiEun"

"ပြေပါတယ် Chan တောင်းပန်ပါတယ် ပန်ပင်းနေပြီကို ထပ်ဆင့်အပူတွေပေးမိပြီ"

"မဟုတ်တာ JiEunရာ ကျန်းမာရေးသာဂရုစိုက်ပါ"

"အစားကောင်းကောင်းစားပြီး သေသေချာချာအနားယူလိုက်ရင်ပျောက်သွားမှာပါ အရမ်းကြီးမစိုးရိမ်ပါနဲ့ Chan"

"ဒီနေ့ည ကိုယ်မင်းအနားမှာနေပေးမယ် အစားစားပြီး အိပ်လိုက်တော့နော်"

"ကျေးဇူးပါ Chan အခုလိုမျိုးအနားမှာရှိနေပေးတဲ့အတွက်ရော "

"မဟုတ်တာ JiEun ယောက်ျားသားက မိန်းမကိုစောင့်ရှောက်ရမှာ အစဉ်လာတစ်ခုပဲဟာ"

ရင်ခွင်ထဲမှာမှေးဆက်နေသည့်သူမကိုကြည့်ပြီး ဂရုနာသက်မိသည် ငယ်ငယ်လေးကတည်းက ကျန်းမာရေးချူချာတာကြောင့် သူမ၏ဖခင်သည် မျက်စိအောက်ကနေအပျောက်မခံခဲ့ပေ

တဲလေးထဲကအရိပ်လေးကိုကြည့်နေသည့်သူတစ်ယောက် ညဘက်ကောင်းကင်ယံတွင် လမင်းနှင့်အတူ ကြယ်စင်များထွန်းလင်းနေသောလည်း ကောင်လေးတစ်ယောက်ရင်ထဲတော့ခံစားနေသည်ကို ကာယံကံရှင်မှ လွှဲ၍သိမည်မထင်

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now