"ဘာလို့လဲ ..."

"ဘာလို့ကမှာလဲ ဥက္ကဌကြီးရဲ့ သားမက်ဖြစ်လာမယ့် သူမို့လို့ပေါ့ဟ ...အခုဆိုရင် သားအရင်းက company ထောင်နေတယ်လို့ သတင်းကြားတာပဲ ...ဥက္ကဌနေရာ ဆက်ခံခွင့်က ဒီတစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက အတတ်ပြောနိုင်မှာလဲ ...အဲ့ဒါကြောင့် သူ့ကို ဖားနေတဲ့ သူတွေတောင် ရှိတယ် KS groupမှာ ..."

"ဖြစ်နိုင်ပါ့မလား ...သားအရင်းကို မဟုတ်ဘဲ သားမက်ကို လွှဲပေးပါ့မလားကွ ..."

"ငါတို့ ဥက္ကဌကြီးက သူ့သားမက်ကို အရမ်းအားကိုးတယ်တဲ့ ...သူတင်ပြတဲ့ ပရောဂျက်တွေက အောင်မြင်တယ်လေ ...ဒါက ဖြစ်လာနိုင်လောက်တယ် မဟုတ်ဘူးလား ...အရည်အချင်းရှိတဲ့သူက နေရာရမှာပဲ ..."

နှစ်ယောက်သား စကားပြောနေခိုက် နေရောင်ခံနေတဲ့သူက လှည့်ပြန်ဖို့ လျောက်လာလေသည်။ သူတို့ကို မြင်တော့ ပြုံးပြနှုတ်ဆက်ပြီး အနားကနေ ဖြတ်၍ ထွက်သွားပါ၏။ သူတို့လည်း ပြန်၍ ပြုံးပြနှုတ်ဆက်လိုက်ပါသေးသည်။

"လူကတော့ အနေအေးတဲ့ပုံပဲ ...ဒါပေမယ့် အလုပ်လုပ်ရင် ပြတ်သားတယ်တဲ့ ..."

ဖြူဖြူသွယ်သွယ်နဲ့ ရှင်းသန့်နေတဲ့ မျက်နှာထားလေး။ လူနဲ့မလိုက်အောင် သတင်းတွေက မွှေးပါ၏။ ဒီလိုလူကို ပိုင်ဆိုင်ခွင့် ရထားတဲ့ သူကရော ဘယ်လောက်ထိ အရည်အချင်း ရှိနေတဲ့ သူမို့လို့လဲ။

****  *****  *****  *****  *****

ဥက္ကဌကြီးက အခေါ်‌တော် လွှတ်လိုက်တယ်ဆို၍ သဏ္ဍာန်ဆန်း ရောက်လာခဲ့ရသည်။

"ဥက္ကဌကြီး ကျွန်တော် ရောက်ပါပြီ ..."

"အေး ထိုင်ဦး သား ..."

ရုံးခန်းထဲက ဧည့်ခံစားပွဲမှာ သူ့ကို ထိုင်စေရန် လှမ်းပြောလိုက်သည်။ ဦးဆီဇာမင်းထင်သည်လည်း ထိုနေရာတွင် ထိုင်နေပါ၏။

"ဥက္ကဌကြီး ကျွန်တော့်ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ မသိဘူး ..."

"အလုပ်က လူတွေရှေ့မှာ မဟုတ်ရင် ငါ့ကို ဘယ်လိုခေါ်ဖို့ ပြောထားလဲ ..."

"ဟုတ်ကဲ့ပါ အဖေ ကျွန်တော် မေ့သွားလို့ပါ..."

ဒီမှာ အလုပ်ဝင်တာ သူကျောင်းပြီးသွားထဲက ဖြစ်သည်။ အနီးကပ် လေ့လာကြည့်တော့မှ ဒီကလေးကို သံယောဇဉ် ဖြစ်လာရ၏။ လိမ္မာသည်။ ယဉ်ကျေးသည်။ ပြောစကားလည်း နားထောင်သည်။ အလုပ်လည်း ကြိုးစားသည်။

သဏ္ဍာန်ဆန်းحيث تعيش القصص. اكتشف الآن