💕ဦးငယ်💕 Extra-3(Zawgyi)

Почніть із самого початку
                                    

"အားးးး ဉီးငယ်က ငယ့်ကိုစောစောစီးစီး အချစ်တွေတိုးပြီး အသက်ထွက်အောင်လုပ်နေတာလားလို့...."

"ဘာလို့လဲ ဉီးငယ်အတွက်က ငယ်နဲ့ဆို နေ့ရက်တိုင်းကAnniversaryနေ့တွေပဲလေ"

"ဉီးငယ်ရေ အဲ့လောက်မချွေပါနဲ့ ဉီးငယ်မချွေခင်ကတည်းက ငယ်ကကြွေကျနေပြီးသားကို"

ဒီကောင်ဆိုးလေးက စကားတွေတော်တော်တတ်နေပါလား...

"မွ!! မောနင်းကစ် မပေးရသေးလို့!!"

သူ့နှုတ်ခမ်းကိုဖျတ်ကနဲ နမ်းပြီးအခန်းပြင်ပြေးထွက်သွားတဲ့ငယ်ကြောင့် သူပြုံးရပြန်သည်

နေ့ရက်တိုင်းကိုအပြုံးပန်ဝေနေတာ ငယ်ကြောင့်ဆိုလည်းမမှားပေ....

သူ့အတွက် ဒီကမ္ဘာမှာ ငယ့်လိုလူမျိုးနောက်တစ်ယောက်ထပ်မရှိနိုင်တော့ဘူး ဘာလို့ဆို ငယ်က သူ့ဘဝရဲ့အရာရာဖြစ်နေပြီဖြစ်သည်

ငယ့်ကစိတ်ထားနှလုံးသားကောင်းမွန်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီးသူ့အတွက်တော့ ဘယ်အရာနဲ့မှာမလဲနိုင်အောင် ဘုရားပေးတဲ့လက်ဆောင်ကောင်းလေးတစ်ခုဖြစ်ပြီး ကျွန်တော့်လောက်ကံကောင်းတဲ့သူ အပျော်ဆုံးလူသားတစ်ယောက်ဖြစ်ခွင့်ရလို့ ငယ်ဟာကျွန်တော့်ဘဝတွက် မရှိမဖြစ် အသက်ရှင်သန်ခွင့်လေးပါပဲ

"ဉီးငယ် ဘာတွေထိုင်တွေးနေတာလဲ ရေချိုးတော့လေ"

"ဘာလို့ရေချိုးရမှာလဲ ပျင်းတယ်"

ဒီဉီးငယ်တစ်ယောက်နဲ့တော့ခက်ပြီ ငယ်ငယ်ကရေချိုးရတာကြိုက်သလောက် အခုဆိုရေချိုးရမှာကို အပျင်းတစ်နေတတ်သည်...

"ငယ်ကိုရေချိုးပေးခိုင်းချင်နေတာလား ဉီးငယ်"

နှုတ်ခမ်းလေးတစ်ချက်တွန့်ပြီး ဟန်ပါပါပြုံးပြလိုက်တော့ ချက်ချင်းကို တဘက်ယူပြီး ပြေးတော့တာပဲ

"ရတယ် ဉီးငယ်ဘာသာပဲချိုးလိုက်မယ် အဝတ်စားထုတ်ပေးထား"

"ရေမြန်မြန်ချိုးနော် ဉီးငယ် "

ဉီးငယ်ကမချိုးဘူးဆိုရင်လည်း ပေကပ်နေတတ်သလို ချိုးပြီးဆိုရင်လည်းအနည်းဆုံးနာရီဝက်ကျော်လောက်ကို အကြာကြီးချိုးပစ်တာ လူကြီးဖြစ်ပြီး သူ့ကိုပဲအမြဲဂရုစိုက်ပေးနေရတယ်...

💕 ဦးငယ် 💕 {Completed}Where stories live. Discover now