💕ဦးငယ်💕 Extra-3(Zawgyi)

1.3K 56 10
                                    

"Happy 1year anniversaryပါဉီးငယ်"

မျက်လုံးနှစ်လုံးပွင့်တာနဲ့ အပြုံးပန်ဝေဆာစွာ နှုတ်ဆက်တတ်တဲ့ ငယ်ရဲ့အသံချိုချိုလေးကြောင့် မနက်ခင်းသာယာလှပနေတော့သည်....

"1year anniversary ဟုတ်လို့လားငယ်ရဲ့"

ကျွန်တော်အဲ့လိုပြောလိုက်တဲ့ လက်ချောင်းလေးတွေချိုးပြီးရေတွက်နေတဲ့ ငယ်ဟာ စစတွေ့တုန်းကလိုမျိုး ချစ်ဖို့ကောင်းနေတော့သည်...

"ငယ်တို့ လက်ထပ်တာက 1လပိုင်း13ရက်နေ့လေ ဒီနေ့လည်း1လပိုင်း13ရက်နေ့ပဲကို ငယ် တွက်တာမမှားပါဘူးနော်"

အာ~~တကယ်ပဲချစ်ဖို့ကောင်းနေလိုက်တော့ ငယ်ရေ....

"ဉီးငယ်~~ဉီးငယ်ရေ..."

"ဘာတုန်း ငယ်ရဲ့ "

"ဘာလို့ပြုံးပြုံးကြီးလုပ်နေတာလဲ ငယ်​တွက်တာ မမှားဘူးလို့ပြောနေတယ်လေ"

"ဒါဆို ငယ့်အသက်က ဘယ်လောက်လဲ"

"ငယ့်အသက်က 21နှစ်လေ ဘာဆိုင်လို့လဲ ဉီးငယ်ရ!!"

"နေပါဉီး ဉီးငယ်ပြောစကားကိုဆုံးအောင်နားထောင်ပါဉီး"

ငယ်က သူမေးသမျှကိုတော့ အခုချိန်ထိ စိတ်ရှည်ရှည်နဲ့ကို ဖြေပေးနေတာပဲ

"ဉီးငယ်နဲ့ ငယ်စတွေ့တုန်းက ငယ့်အသက်က ဘယ်လောက်လဲ "

"4နှစ်ကျော် ပေါက်စလေးပဲရှိသေးတာလေ ငယ်က အဲ့ကတည်းက ဉီးငယ်ကိုချစ်ခဲ့တာလေ"

"ငကြွားလေး အဲ့စကားကိုကြုံတိုင်းကြွားနေတာပဲ"

"ချစ်လို့ချစ်တယ်ပြောတာလေ မချစ်ဘဲနဲ့ချစ်တယ်လို့ပြောစရာလား!!"

အာရီးဂူးးးး ဝက်ဝံပေါက်လေးက ရန်စွာတတ်နေပြီပဲ

"ဒါဆို ဉီးငယ်ဆက်ပြောမယ် ငယ်ရဲ့အသက်21နှစ်ထဲက 4ကိုနှုတ်လိုက်ရင် ဘယ်လောက်ရလဲ"

"17 ရတယ်လေ"

"ဒါဆို Happy 17years anniversaryပေါ့ ငယ်ရဲ့ ဉီးငယ်ကိုချစ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် ဒီထက်လည်းအများကြီးချစ်ပေးပါဉီး"

သူ့ရဲ့ရင်တွင်းစကားသံအဆုံးမှာ အံ့သြသွားတဲ့ ငယ်ဟာ မျက်ရည်လေးတွေဝိုင်းလို့....

💕 ဦးငယ် 💕 {Completed}Where stories live. Discover now