"ပင်ပန်းလွန်းပြီး သတိလစ်သွားတာပါ အန်ကယ် ...အခု ဆရာဝန်တွေက သူ့ကို ဆေးသွင်းပေးထားလို့ အိပ်ပျော်နေပါတယ် ..."

"သူနှစ်ရက်လုံး လုံးဝမအိပ်ခဲ့ဘူး ...အစားလည်း ပုံမှန်မစားဘူး ...ကျွန်တော်တို့ အတင်းကျွေးမှ နည်းနည်းပဲစားခဲ့တာ... ရေသောက်ဖို့တောင် မေ့နေတဲ့သူ ...သုံးရက်မြောက် နေ့ကျတော့ မခံနိုင်တော့ဘူးလေ ...ရှာဖွေရေးလုပ်နေတဲ့ နေရာမှာတင် ပစ်လဲကျသွားတာ ..."

လင်းရဝေနဲ့ ကောင်းသစ်လွင်က ဦးဆီဇာမင်းထင်ကို ပြောပြနေကြသည်။ သတိလစ်နေတဲ့ မိုင်းကို ကြည့်ရင်း ဖခင်မှာ မျက်နှာမကောင်းနေပါ။

"ဟိုကလေး သတင်း ဘာကြားသေးလဲ ...ဘာထူးလဲ ..."

"အခုထိတော့ သတင်းအစအန လုံးဝမရသေးဘူး အန်ကယ် ..."

"သုံးရက်တောင် ရှိနေပြီ ...အဲ့ဒီ့ သဏ္ဍာန်ဆန်းဆိုတဲ့ ကောင်လေးကို လုံးဝ ရှာလို့မတွေ့တော့ရင် ငါ့သားကို ဘယ်လိုလုပ်ရမလဲ ..."

ခုတင်ခြေရင်းနားက လက်ရန်းသံတိုင်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သားဖြစ်သူကို လှမ်းကြည့်နေပါသည်။ စိုးရိမ်နေခြင်းက မျက်နှာပေါ်မှာ သိသိသာသာ။

"တကယ်ပဲ သဏ္ဍာန်ဆန်းကို ရှာမတွေ့တော့ရင် မိုင်းအတွက် အန္တရာယ်ရှိတယ် ...သူရူးသွားနိုင်တယ် ...ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် တခုခု လုပ်ပစ်နိုင်တယ် အန်ကယ် ..."

ပူပန်နေတဲ့ စိတ်ကို ထပ်၍ ဆီလောင်းပေးနေခြင်းတော့ မဟုတ်ပါ။ အမှန်တကယ် ဖြစ်လာနိုင်ချေကို လင်းရဝေက ပြောနေခြင်းသာ။

"ဥက္ကဌကြီး ..."

အဲ့ဒီ့အချိန်တွင် ဦးဆီဇာမင်းထင်ရဲ့ လူယုံတစ်ယောက်သည် အခန်းထဲသို့ ဝင်လာခဲ့လေသည်။

"တစ်ယောက်ကို ပြန်ရှာတွေ့ပြီလို့ ရှာဖွေရေးအဖွဲ့တွေက အကြောင်းကြားလာပါတယ် ..."

"ဘာ ...ပြန်ရှာတွေ့ပြီ ...ဟုတ်လား ..."

အားလုံးရဲ့ အာရုံက အဲ့ဒီ့လူဆီမှာ။

"ဒါပေမယ့် အလောင်းကိုပဲ ပြန်ရှာတွေ့တာပါ ..."

"အလောင်း ဘယ်သူ့အလောင်းလဲ ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now