"သား"

  ရှောင်ကျန့် မျက်နှာပေါ်က အပြောင်းအလဲတွေကို ဦးရှောင်ဝေက နားလည်ပါသည်။ သူ နားလည်နေတာတွေ အားလုံးကိုလည်း ရှောင်ကျန့် နားလည်စေချင်သည်။

  "တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် နားမလည်ကြတာတွေ ရှိတယ် ကလေးရဲ့၊ စိတ်အလိုအတိုင်း ပါးစပ်က မပါမိစေနဲ့၊ ဝေးချင်လို့ သွားတာတော့ သွားပါ၊ သူ့Daddyရဲ့ အကြောင်း မြေးလေးကို တစ်ဖဲ့တစ်ရွဲ့ မပြောလိုက်ပါနဲ့၊ တကယ်လို့ တစ်ချိန်ချိန်ဆိုတာမှာ သားနဲ့သူ....."

  ရှောင်ကျန့် ဖျတ်ခနဲ လှည့်လာ၏။ ပါးပေါ်သို့ မျက်ရည်စတို့ ကြွေဆင်းလာခြင်းနှင့်အတူ.....

  "ဘယ်တော့မှ ဒီလူကို မစဉ်းစားဘူး Uncle၊ သူကလဲ ကျွန်တော့်ကို သူများယူတော့မယ်ဆိုမှညအနိုင်မခံ အရှုံးမပေး ဝင်ဖက်တာ၊ သူ ယုတ်မာတာကို သိနေကာမှ ကျွန်တော်က ပြန်ဆက်ရအောင် အရူးမှ မဟုတ်ဘဲ"

  ဦးရှောင်ဝေက ကားတံခါးကိုကိုင်လျက် သက်ပြင်းချသည်။ ဦးချန်က နေရာတကျ ဝင်ထိုင်ပြီးမှ မမောင်းရဲသေးဘဲ စောင့်နေ၏။

  "သားဖြစ်ချင်တာအားလုံး Uncle လိုက်လျောခဲ့တာတွေ ဘယ်တော့အဆုံးသတ်မလဲဆိုတာ မသိဘူး၊ ဒါပေမယ့် Uncleကတော့ အဆုံးမဲ့လိုက်လျောနေမှာပါ၊ သားမွေးထားတဲ့ သားရဲ့ ရင်သွေးလေးအတွက် သူ ဖြစ်ချင်သမျှထဲက တစ်ခုတစ်လေဖြစ်ဖြစ် လိုက်လျောပေးနိုင်အောင်သာ သား ကြိုးစား"

  "Uncle၊ Uncleက ကျွန်တော့်ကို....."

  "ဘာမှ Uncle အမိန့်မပေးဘူး၊ မြေးလေး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်စေချင်တာတစ်ခုပဲ"

  Uncle ဒီအတိုင်းရပ်ကျန်ခဲ့တော့ "ဖိုးဖိုးရေ၊ တာ့တာ" ဟု အော်၍ ဝမ်ရီကျန့်က ကူရှင်ကို နောက်ပြန်ဖက်ရင်း လက်ကလေး ပြသည်။

  "ဟင်...ဖိုးဖိုးက လက်လဲ မပြဘူး"

  နှုတ်ခမ်းလေးစူပြီး ဆောင့်ခနဲ ပြန်ထိုင်သည်။ ရှောင်ကျန့် နှစ်သိမ့်စကားမဆိုနိုင်ဘဲ မျက်ရည်ကို ကြိတ်မှတ်သုတ်ပစ်ရသည်။ သုတ်ပစ်ရင်း ကျ၏။ ဒီမျက်ရည်တွေက ရှောင်ကျန့်အတွက် အမြဲတမ်း ဝတ္တရားကျေနေတဲ့ ပင်လယ်ကမ်းစပ်က ရေလှိုင်းများလို.....

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now