အပိုင်း ၁၇

Start from the beginning
                                    

ဆရာဝန်ကြီးအား ပုံမှန်မြင်နေကြပုံစံမဟုတ်ဘဲ သိုင်းကျင့်သည့် ရှမ်းဘောင်းဘီအပွကြီးနှင့် မြင်ရသည်ကြောင့် မိုမိုအံ့ဩသွားရ၏။

"အာ... ဦးကြီးရောက်နေပလား ဆရာတော်ကြီးပြောတော့ဖြင့် နောက်ကျမယ်ဆို..."

"ကျုပ်အနောက်ပေါက်ကနေ တစ်ခါတည်းတန်းဝင်လာခဲ့တာ... အပေါ်ကဆင်းလာတာမဟုတ်ဘူး"

"သည်လိုကိုး..."

"ဘကြီးမင်္ဂလာပါ..."

"ဟေ... သူလေးလည်းပါလာတာလားကွဲ့"

မိုမိုမောင့်အနောက်တွင် ပုန်းနေရာမှထွက်ကာ ဆရာဝန်ကြီးအားနှုတ်ဆက်လိုက်ရာ ဆရာဝန်ကြီးဟာလည်း အတော်အံ့ဩသွားပုံရ၏။

"ဟုတ်တယ်ဦးရီး... ကျုပ် သူ့ကိုအသိပေးတော့မလို့..."

ဘကြီးက မောင့်စကားကို လက်ခံသလိုခေါင်းငြိမ့်ပြပြီး

"အိမ်ထောင်တစ်ခုမယ် တစ်ယောက်ကိုတစ်ယောက် ယုံကြည်တယ်ဆိုတာ မင်္ဂလာတစ်ပါးပါ... သည်ကလေးဟာ မောင်ရင်ကိုယ်တိုင်ရွေးချယ်ထားတဲ့လူဆိုတော့ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က လက်ခံပေးရမှာပါ"

"ကျေးဇူးတင်ပါတယ် ဦးရီး... ကျုပ်ကတိပေးပါတယ် ကျုပ်လူကြောင့် ဦးရီးတို့စိတ်မပျက်စေရပါဘူး..."

"ကောင်းပါပြီ ဒါဖြင့်လည်း ကလေးကို နေရာတွေလိုက်ပြချေဦး..."

မိုမို သည်နေရာသို့ စရောက်ကတည်းက မောင်တို့ချင်းပြောနေသည့်စကားများကို ကြိုးစားနားထောင်သော်လည်း နားမလည်။ပြောနေကြသည်မှာ မြန်မာစကားပင်ဖြစ်သော်ငြား မိုမို့အဖို့ နားမလည်နိုင်ရှိနေ၏။စိတ်ရှုပ်လာသဖြင့် မျက်မှောင်ကုပ်ကာ မောင့်အားကြည့်မိတော့

"ဘာတွေပြောနေသလဲ နားမလည်ဖြစ်နေသလား မောင်ရှင်းပြပါမယ်... လာ...မောင့်နောက်လိုက်ခဲ့ချည်"

မိုမိုတို့ရပ်နေသည့် လှေကားနားမှနည်းနည်းလျောက်လာသော် ဟောခန်းပုံစံဖွဲ့စည်းထားသော အခန်းတစ်ခုသို့ရောက်လာ၏။သဲဖြူခင်းထားသည့်မြေကွက်လပ်ပေါ် ရှမ်းအမျိုးသားကြီးများဝတ်ကြသည့် ဖျင်နီဘောင်ဘီနှင့် အင်္ကျီကိုယ်ကျွတ်အမျိုးသားများမှာ သိုင်းသင်နေကြ၏။အနည်းဆုံးအယောက်တစ်ရာခန့် ရှိလိမ့်မည်ဖြစ်ကာ ထိုထက်လည်းပိုချင်ပိုနိုင်၏။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now