ရှောင်ကျန့်ဘက်က သူ ထင်သလိုဖြစ်ခဲ့သော်လည်း ရီပေါ်က သူ ထင်ခဲ့သလို ကျောခိုင်းမသွားဘဲ ထိပ်တိုက်ရင်ဆိုင်ဖို့တွေ ဖြစ်လာသောအခါ.....
"မင်း...ဘာပြောမလို့လဲ ရီပေါ်"
ခပ်လှမ်းလှမ်းတွင် ရင်ဆိုင်ရပ်မိသည်နှင့် ယွီပင်းက စမေး၏။ ရီပေါ်က သူ့တစ်ကိုယ်လုံးကို ခပ်ချဉ်ချဉ်ဝေ့ကြည့်ပြီး လက်ပိုက်၏။
"မင်းကို သတင်းကောင်းပေးမဘို့ပါ၊ ငါ ခရီးသွားစဂါရှိတယ် ကျန့်ကျန့်ဆီပြေးပြီး အလစ်အငိုက်မှာ စည်းရုံးဖို့ ကြိုးစားဦးမယ်ဆိုရင် သွားလို့ရပြီပေါ့"
"ရီပေါ်၊ မင်း ငါ့က်ု မစော်ကားနဲ့"
ရီပေါ်က မဲ့၍ ရှေ့တိုးရပ်၏။
"မင်းက မင်းသားတော့ မင်းသားပါပဲ၊ ဒါပေမယ့် လုပ်ပုံကိုင်ပုံက လူကြမ်းပဲ ဖြစ်နေတာကိုး"
ယွီပင်းက မျက်မှောင်ကုတ်၍ စူးစိုက်ကြည့်နေသည်။
"ငါ့သားကို စည်းရုံးပြီး အဖေကို ကြိုးစားတယ်၊ မင်း မရခဲ့ပါဘူး၊ ဟုတ်တယ်မို့လား၊ ငါ့မင်္ဂလာပွဲကို လက်ညိုးထိုးပြပြီး ယုတ်မာလိုက်တော့မှ ကြံစည်ခွင့်ရခဲ့တာ"
"ငါ ယုတ်မာတာမဟုတ်ဘူး၊ ဒါ မင်းရဲ့ မင်္ဂလာပွဲပဲ၊ သူ့ကို ပစ်ထားခဲ့တဲ့အချိန်က စပြီး ကျောက်လင်းရှကို လက်ထပ်ဖို့ မင်းစေ့စပ်ခဲ့တာ မဟုတ်လို့လား"
"အဲဒါကြောင့် ပြောတာလေ၊ မင်းက ငါ့ရဲ့ အတွင်းသိဖြစ်နေတယ်ဆိုတာ၊ အဟွန်း..."သူ့မယားလို သူ့လင်လှံနဲ့ထိုး" ဆိုတာ တော်တော့်ကို သိလွယ်မြင်လွယ်တဲ့ ကောက်ကျစ်မှုပဲ၊ လေးစားထိုက်ပါတယ်"
ယွီပင်းက သိသိသာသာ အံကြိတ်သည်။ ရီပေါ်က ဂရုမစိုက်စွာ ရယ်၏။
"ချစ်ကြိုက်ကွဲညားဆိုတာ ထာတ်လမ်းဟောင်းကြီးတွေပါပဲ၊ ဒါပေမယ့် ဒီနေ့ထိ ချစ်ကြတဲ့လူတ်ုင်း ဒီတိုင်းပဲ ရှိနေကြသေးတယ်၊ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီး ဘာ့ကြောင့်ပဲ ကွဲကြ၊ ကွဲကြ၊ ပရိတ်သတ်က ပြန်ပေါင်းစေချင်ကြတာပဲ၊ လူကြမ်းနဲ့ မင်းသမီး ညားသွားတာ ဇာတ်လမ်း ရှိဖူးလား"
Part-24
Start from the beginning