•Zawgyi•
ဘယ်အစပြုခြင်းကိုမှ သဘောမကျဘူး။
နောက်ဆုံးတိုင်း ကျွန်တော်ပဲ
လူဆိုးဖြစ်ရလွန်းလို့။#########
အိမ်တစ်အိမ်ရဲ့အတွင်းပိုင်းက အသံတစ်ခု။
ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းက
ရယ်မောသံမဟုတ်ခဲ့သလို ဒေါသစွက်နေတဲ့
ခပ်တုန်တုန် လူကြီးတစ်ယောက်ရဲ့အသံ။"အဆင့်တွေက ချာတူးလန်နေတာပဲ။မင်းနောက်မှာ
နံရံပဲရှိတော့တယ်ကွ"စားပွဲပေါ်ပစ်ချလိုက်တဲ့
လစဉ်အကဲဖြတ်မှတ်တမ်းလေးကိုကြည့်လို့
ကောင်လေးတစ်ယောက်က ခပ်ဖွဖွရယ်တယ်။"အဆန်းလား ၀မ်ချီးရန်ရယ်။
ခင်ဗျားသားဝမ်ရိပေါ်ဆိုတာ အငယ်ဆုံးလေးလောက်မှ
ဉာဏ်မကောင်းတာ။ဘာလို့စိတ်ကြီးနေရတာလဲ"ထိုကောင်လေးရဲ့စကားကြောင့်
လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ နောက်ထပ်
အရိပ်လေးတစ်ခု။ဆံပင်ဝိုင်းလေးတွေ
အောက်က မျက်နှာနုနုလေးက
သွေးစို့နေတဲ့နှုတ်ခမ်းနဲ့ကောင်လေးရဲ့
ပုံရိပ်လေးအတိုင်းချွတ်စွပ်။"ကိုယ့်ကိုကိုယ်သိစမ်းပါ။အငယ်လေးက
စာကြိုးစားသလောက် မင်းကတော့
တစ်နေ့တစ်နေ့ ငါ့ကိုခေါင်းကိုက်အောင်
မလုပ်ရရင် အိပ်မပျော်ဘူး။""သိတယ်လေ။ကျွန်တော်က ၀မ်ချီးရန်ရဲ့
သွေးသားပဲဟာ။ဘယ်အရာမဆို
ဦးနှောက်မရှိဘဲလုပ်တတ်တာမျိုးပေါ့..."ထိုကောင်လေးရဲ့စကားအဆုံး ပါးပြင်နုနုပေါ်
ကျဆင်းလာတဲ့လက်သီးတစ်ချက်။ရုတ်ရင်းဆန်ခတ်အခြေနေကြောင့်တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ဆံပင်ဝိုင်းလေးနဲ့
ကလေးလေးကလည်း ထိုလူကြီးကိုဆွဲချုပ်လို့"မလုပ်ပါနဲ့ပါးပါးရယ်။ပေါ်ကော....
အိမ်ပေါ်တက်ပါတော့ဗျာ!"သေးသေးဖွေးဖွေးလေးနဲ့ကောင်လေးက
ထိုလူနှစ်ယောက်ကြားမှာကာဆီးလို့
ရန်ပွဲကိုကာဆီးနေရှာတယ်။"ကျွန်တော့ကို အခုလိုထိုးလိုက်တော့
စိတ်သက်သာတယ်မလား။!""၀မ်ရိပေါ်!!!"
"ကျွန်တော်ဆိုတဲ့ကောင်ကလည်းဝမ်ချီးရန်
ထိုးတာ ခံရမှနေသာထိုင်သာရှိတာ"
![](https://img.wattpad.com/cover/228997787-288-k420994.jpg)
YOU ARE READING
You Belong To Him{Completed}
Fanfictionရုပ်ချင်းဆင်သလောက် အကျင့်စရိုက်တွေ ကွဲပြားတဲ့ အမွှာညီအစ်ကိုလေးကြား ကျောင်းဆရာ ရှောင်းကျန့်လေးရဲ့ နှလုံးသား ကြားညှပ်သွားသောအခါ... ရုပ်ချင်းဆင်သလောက် အကျင့်စရိုက်တွေ ကွဲပြားတဲ့ အမွှာညီအစ်ကိုလေးကြား ကျောင်းဆရာ ရှောင်းကျန့်လေးရဲ့ နှလုံးသား ကြားညှပ်သွားသေ...