ရှောင်ကျန့်က နှုတ်ခမ်းလေး မသိမသာ လှုပ်ခတ်သွားလျက် သူ့ကို စိုက်ကြည့်၏။

  "နောက်လဲခြောက်လှန့်နေဦးမှာပဲဆိုတာ သေချာတယ် ယွီကော၊ ဘာဖြစ်လို့လဲဆိုတော့ ဝမ်ရီပေါ်ဆိုတဲ့ ယောကျာ်းကို အားလုံးက တမေ့တမော အထင်တကြီး ဖြစ်ခဲ့ကြတာကိုး၊ အဲဒီတော့ နောက်ဆုတ်လိုက်ပါ၊ ခင်ဗျား ကျွန်တော့်ကို နောင်တစ်ချိန်မှာ အဲဒီလိုစိုးရိမ်စိတ်တွေနဲ့..."

  "ကျန့်ကျန့်..."

  ရှင်းပြလိုဇောနှင့် ယွီပင်းက ရှောင်ကျန့် ပခုံးလေးကို ဆုပ်ကိုင်လိုက်၏။ ရှောင်ကျန့်က အေးအေးဆေးဆေးပဲ ဖယ်ချပစ်လိုက်သည်။ ပြီးတော့ နီးနီးလေးရပ်နေရာမှ တစ်ဖက်ကို လျှောက်ထွက်သွားပြီး.....

  "Uncleလုပြောတာ မှန်တယ် ယွီကော၊ ကျွန်တော်တို့ စဉ်းစားမှ ဖြစ်မယ်"

  "ဘာရယ်"

  ယွီပင်း ချက်ချင်းအနားရောက်လာပြန်သည်။ ထို့နောက် စိုးရိမ်ကြီးသော မျက်ဝန်းတို့က "မင်း ငါစိုးရိမ်ခဲ့သလိုပဲ တွေဝေသွားပြီမို့လား" ဟု မေးနေသလိုလို။

  "ဘယ်လိုပြောလိုက်တာလဲ ကျန့်ကျန့်၊ လူကြီးတွေ ဘယ်လိုပဲ အကြံပေးပေး၊ ဖြစ်သင့်နေတာ ဘယ်လိုပဲရှိရှိ၊ ကိုယ်တို့နှစ်ယောက် လက်ထပ်ဖို့ ဆုံးဖြတ်ကြရအောင်လို့ ပြောချင်လို့ ဒီနေရာကို ကိုယ် ခေါ်ခဲ့တာ"

  "ကျွန်တော်က ခိုင်မာခဲ့ပါတယ်၊ ယွီကော စဉ်းစားဖို့ ကျွန်တော် နောက်ဆုတ်လိုက်တာပါ၊ အဟွန်း...ဖြစ်ချင်တော့ ကျွန်တော် လက်ထပ်ဖို့ ဆုံးဖြတ်ရွေးချယ်လိုက်တဲ့သူ ဝမ်ရီပေါ်ကို သိပ်ချစ်ခဲ့၊ သိပ်အထင်ကြီးခဲ့၊ ခုလဲ အထင်ကြီးနေဆဲ သူ့ရဲ့သူငယ်ချင်း ဖြစ်နေခဲ့တယ်"

  ရှောင်ကျန့် နှုတ်ခမ်းပေါ်က မဲ့ပြုံးမှာ အလွန်အေးစက်နာကြည်းသော ခံစားချက်တို့ ဖုံးလွှမ်းနေမှန်း သူသိသည်။ ဒါဟာ သူ့ စကားမှားခဲ့ခြင်းကြောင့်.....

  "ကျွန်တော် ထင်တယ်လေ၊ တကယ်တော့ ခင်ဗျားတို့သူငယ်ချင်းအုပ်စုထဲမှာ သူက ရွှေမင်းသား၊ ခင်ဗျားတို့က အပေါင်းအပါတွေပဲ၊ ဟိုတုန်းကတည်းက သူ့ကို အလျှော့ပေးခဲ့၊ အကြံပေးခဲ့တဲ့အဆင့်မှာပဲ ခင်ဗျားတို့ဘက်က အထင်တကြီး ကိုးကွယ်ပေါင်းသင်းခဲ့ကြတော့ ဝမ်ရီပေါ်ဆိုတဲ့ လူကို ခင်ဗျား ဘယ်တော့မှ ယှဉ်ရဲမှာမဟုတ်ဘူး"

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now