Lu Soo အစားဝမ်းသားနေတယ် Soo ရေ နင်တော့ ဖြစ်ချင်တာဖြစ်ရတော့မယ် ငါကရော ......

Kai: ဟဲ့ ငါတို့ တစ်ခုခုသွားစား ရအောင် ငါဝယ်ကျွေးမယ်
Lu: အမယ်လေး စားရခဲတယ်ဟေ့ စားမယ် စားမယ်

Kai Soo ကို ဖွင့်ပြောဖို့ ဆုံးဖြတ်ထား လိုက်ပြီလေ စိတ်ထဲ ပေါ့ပါးနေတယ်

Library ထဲမှာ Hun တစ်ယောက် စာဖတ်နေတုန်း
Soo: ဟဲ့ နင်က ဒီရောက်နေတာကိုး
Hun: ဟာ Soo အေး ငါနင့်ကို မတွေ့လို့ ခေါ်ဦးမလို့ဘဲ
Soo: သြော် ငါ ဆရာ့ဆီ သွားနေလို့ ခဏ ငါစာအုပ် သွားရှာလိုက်ဦးမယ်

Soo သူ့စာအုပ်လေးတွေချပြီး ထွက်သွားလိုက်တယ်

Hun Soo မှတ်စုကို မြင်တော့မှ သူလွဲနေတဲ့စာပြင်ဖို့ သတိရသွားတယ် ဒါနဲ့ Soo စာအုပ်ကို ယူပြီး တိုက်ကြည့်လိုက်တယ်

Soo စာအုပ်ကိုဖွင့်လိုက်တော့ တွေ့လိုက်တာက
Kai ရယ်နင့်ကို အရမ်းလွမ်းတာပဲတဲ့ နင်ငါ့ကိုချစ်ပေးရင် ကောင်းမှာပဲ နင်ငါ့ကို ချစ်နေဖို့ မျှော်လင့်ပါတယ်တဲ့

ခဲတံလေးနဲ့ မထင်မရှားရေးထားပေမယ့် Hun ကတော့ မထင်မှတ်ဘဲ တွေ့သွားတယ်လေ

Hun စိတ်ထဲ ငါ့ကောင် Kai ရေ မင်းတော့ ကံကောင်းပြီဟေ့ ငါကရော ဒီချိန် Lu ဘာလုပ်နေမလဲ မသိဘူး

Hun လည်း စာအုပ်လေးကို မသိမသာ ပြန်ပိတ်လိုက်တယ် Soo က သူသိမှန်း သိရင် ရှက်သွားမှာစိုးလို့ မသိချင်ယောင် ဆောင်လိုက်တယ်

ဒါနဲ့ Soo ပြန်ရောက်လာတော့
Hun: ငါသွားတော့မယ်
Soo: ဟင် နင်ကလည်း မြန်လိုက်တာ
Hun: ငါရောက်နေတာကြာပြီကွ

သြော် ဒီစာအုပ်လေးပြန်ထားပေးနော် သွားပြီ bye...

Soo: ဟဲ့ အသည်းအသန်ပဲ ဘာဖြစ်တာတုန်း စာအုပ်တောင် ပြန်မထားနိုင်ဘူး

Soo လည်း Hun စာအုပ်လေးကို မလိုက်တော့ အောက်မှာ Hun ရဲ့ Diary စာအုပ်လေး Soo သတိထားမိ တယ် Hun က ဒီစာအုပ်ကို သွားလေရာပါအောင်ယူတတ်တယ်

Soo Hun ကို ပေးဖို့ လှည့်ကြည့်တော့ Hun မရှိတော့ဘူး ဒါနဲ့ Soo လည်း သိမ်းထားလိုက်တယ်

Misses ( လွဲချော်ခြင်းများ )Where stories live. Discover now