"ပေါက်စအစား ကျွန်တော်ကပဲ တောင်းပန်ပါတယ်ဗျာ ကျွန်တော်ဆုံးမလိုက်ပါ့မယ်''

"ဒါနဲ့ဟို ညစာစားဖို့ပြောထားတာလေ''

"ကျွန်တော်ကပဲလိုက်ကျွေးပါ့မယ် တောင်းပန်တဲ့အနေနဲ့''

ဝမ်ချောင်နဲ့စကားပြောပြီး ရှောင်ကျန့်ကရိပေါ်ဆီသွားတော့ ဝမ်ချောင်ပါကပ်လိုက်လာတယ်။

"ပေါက်စ မင်းနဲ့အိမ်ကြမှပြောမယ်''

"ညီလေး အစ်ကိုနဲ့ညစာသွားစားမလို့ လိုက်အုံးမလား''

ဝမ်ချောင်စကားအဆုံးမှာ ရိပေါ်တစ်ယောက်ဆွံအကျန်ခဲ့တယ်။ဦးက သူ့ကိုညစာတောင်လိုက်ကျွေးအုံးမယ် သူ့ကိုထထိုးမယ်ထင်နေတာ စိတ်မဆိုးဘူးပေါ့ ..ဘာလဲဦးကပါသဘောကျနေတာလား။

&&&

ရှောင်ကျန့်က ရိပေါ်ကိုဆုံးမမယ်လို့ တွေးထားပေမယ့် ရိပေါ်ကအိမ်ပြန်မလာ။ အခန်းထဲဟိုလျှောက်ဒီလျှောက်နဲ့ ညနက်ပေမယ့်ပြန်မလာ။ တညလုံးပြန်မလာပဲတော့ မနေဘူးပါပဲ သူကဘယ်လောက်ပဲ ဆုံးမချင်အုံးတော့ ဆုံးမခံရမယိ့သူကရှိအုံးမှလေ ဒီလောက်ဆိုးသွမ်းနေတာ ပစ်ထားအုံးမှ။

"ဝမ်နင်လား''

"ရိပေါ် မင်းလူကြီးဆီကဖုန်း''

ဆက်ပြောလို့ ရိပေါ်က အချက်ပြလာတယ်။

"ဟုတ်ကဲ့ ပြောပါ''

"ဝမ်ရိပေါ်ကိုပြောလိုက်... နေအုံးသူဘာလုပ်နေလဲ ခုဘယ်မှာလဲ''

"ကလပ်မှာ...သောက် အဲ''

ဝမ်နင် သူ့ပါးစပ်အမြန်ပိတ်လိုက်မိတယ် မူးမူးနဲ့ဘာလို့အမှန်တွေသွားပြောမိပါလိမ့်။

"ညနက်ထိမနေရဆိုတဲ့ ငါ့စည်းကမ်းကိုလည်း ဖောက်ဖျက်တယ်၊ညနက်မှသောက်ပြီး အိမ်ပြန်မလာနဲ့လို့ပြောလိုက်''

"ဗျာ ဟုတ် ဟုတ်''

ဒီညက ရိပေါ်အကြီးအကျယ်ရစ်တဲ့ညပါပဲ။သူ့ဦးအိမ်ပြန်မလာခိုင်းတာနဲ့ ဝမ်နင်နဲ့စစ်ကျွေးကိုလည်း အိမ်မပြန်ခိုင်းပဲ သူ့နားအဖော်ပြုစေတယ်။
ဝမ်ချောင်နဲ့ကောင်မလေးတွဲကနေတဲ့ဆီ လျှောက်သွားတာမြင်တော့ စစ်ကျွေးတို့ လိုက်ဆွဲရတယ်။

ဝမ်ချိုချိုလေးWhere stories live. Discover now