"ဟာ..."

  "ခင်ဗျား...ခင်ဗျား"

  ရှောင်ကျန့် ဝုန်းခနဲ ထရပ်လိုက်သည်။ အားလုံး လှည့်ကြည့်လိုက်ကြသည့် အကြည့်များရှေ့မှာ ဝမ်ရီပေါ်.....။

  "မင်းကို ကိုယ် လက်ထပ်ခွင့်မပြုဘူး ကျန့်ကျန့်၊ ခွင့်မပြုပါဘူးလို့ ပြောထားရက်နဲ့ မင်း ဘာဖြစ်လို့ ဇွတ်လုပ်တာလဲ"

  အနက်ရောင်ခေါင်းစွပ်၊ ဆွယ်တာလက်ရှည်၊ ဘောင်းဘီရှည်အနက်နှင့် ရီပေါ်က တစ်လှမ်းချင်း ဝင်လာ၏။

  သူသည် ရှောင်ကျန့် ရင်ခွင်ထဲက ကလေးငယ်ကို စူးစိုက်ကြည့်လျက်.....။







❤💚❤💚❤💚



  ခြေလှမ်းတိုင်းဟာ မယုံရဲခြင်း။ သိမ်ငယ်ခြင်း ဘာမှမပါ။ ခမ်းနားရဲရင့်သည့် ခြေလှမ်းများနှင့် ယွီပင်းဘေးက ဖြတ်လျှောက်သည်။

  "လူကြီးမင်းများအားလုံးကို လေးစားသမှုနဲ့ ကျွန်တော် လျှောက်လွှဲအပ်ပါတယ်။ အခု လက်ထပ်မယ့် ရှောင်ကျန့်က ကျွန်တော့်ယောကျာ်း ဒီကလေးငယ်ဟာ ကျွန်တော့်သားလေးပါ။ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းကွဲလွဲပြီး မပေါင်းဖြစ်ခဲ့ကြပေမယ့် ကွာရှင်းထားကြတာမဟုတ်တဲ့အတွက် ကျွန်တော့်ဘက်က ကန့်ကွက်ပိုင်ခွင့်အရ ဒီလက်ထပ်ပွဲကို ကန့်ကွက်ပါတယ်"

  "မဟုတ်ဘူး။ ဘာမှမဆိုင်ပါဘူးဗျာ၊ ဒီလူက ကျွန်တော်နဲ့..."

  "ခဏ၊ ခဏလေးကွယ်"

  တရားသူကြီးက ရှောင်ကျန့် အသားဆတ်ဆတ်တုန်နေတာကိုကြည့်၍ ယဉ်ယဉ်ကျေးကျေး တားဆီးလိုက်သည်။ ပြီးတော့မှ ရီပေါ်ကို ပြန်ကြည့်၍.....

  "ဒီမှာတော့ ကာယကံရှင်တွေရော၊ နှစ်ဖက်မိဘတွေရော၊ သဘောတူညီစွာ ရှိနေကြပါတယ်၊ ဒီတော့ကာ....."

  တရားသူကြီးက စကားကို ခဏတုံ့ဆိုင်းပြီးမှ.....

  "ကန့်ကွက်သူဖြစ်တဲ့ မောင်ရင်က တရားဝင် ပိုင်ဆိုင်ထားကြောင်း"

  ရီပေါ်က မတ်တပ်ရပ်လျက် စူးစူးဝါးဝါးကြည့်နေသည့် ရှောင်ကျန့်ကို ခပ်မဲ့မဲ့ပြန်ကြည့်၍ တရားသူကြီးဘက် လှည့်ကြည့်၏။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Donde viven las historias. Descúbrelo ahora