ဪ မြေးလေးဟာ သူ့Daddyရှိလျက်နှင့် သူ့ပါပါး တခြားလူနဲ့လက်ထပ်တော့မှာပါလားဆိုတာ သိတတ်တဲ့အရွယ်ဆိုရင် ဘယ်လိုနေမလဲ။
လက်မှတ်ထိုးကြတော့မှာကို သိလေ၊ ဦးရှောင်ဝေ စိတ်မကောင်းနိုင်လေ။ ဝမ်ရီပေါ်ဆိုသည့် လူရွယ်ကိုပဲ ဖြစ်စေချင်တာမျိုးတော့ မဟုတ်။ ဒါပေမယ့် သူက ကလေးရဲ့Daddy ဖြစ်နေသည်။ "ဘာပဲဖြစ်ဖြစ် ယွီပင်းလဲ မြေးကို ချစ်ရှာသားပဲ" ဟု တွက်၍ ပင့်သက်ရှိုက်မိပြန်သည်။
ယွီပင်းနဲ့လက်ထပ်ပေးချင်ကြောင်း အစပျိုးခဲ့မိတာလည်း သူပဲမို့ ဘာမှမတတ်နိုင်တော့ပေ။ ပြီးတော့...အဲဒီတစ်ယောက် လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ ခုလိုပြဿနာလိုက်ရှုပ်နေချိန်မှာ လက်ထပ်ဖို့မသင့်သေးတာကို ပြော၍ ရှောင်ကျန့်က ရမှမရဘဲ။
အားလုံးဟာ အမှန်အမှား ဘယ်ဘက်ကမှ မသာသည့် ချိန်ခွင်လျှာပေါ်မှာ လှုပ်လှုပ်ကလေး ရပ်နေကြရသလိုမျိုး။
"ကဲ...လူကြီးမိဘ စုံစုံလင်လင်နဲ့ မိတ်သင်္ဂဟတွေလဲ အားပေးကြတယ်ဆိုတော့ အများသူငါ လက်မှတ်ထိုးပြီးသွားကြသလို မဟုတ်ဘူးပေါ့၊ မင်္ဂလာရှိတာပေါ့ကွယ်"
တရားသူကြီးက စကားလုံးစလိုက်တော့ အားလုံး ငြိမ်သက်သွားကြသည်။
"ဒါနဲ့ လူလေးတို့က သူများတွေလို ဧည့်ခံပွဲ ထပ်မလုပ်တော့ဘူးလား"
"ဟုတ်ကဲ့၊ ကျွန်တော်တို့ ဧည့်ခံပွဲအတွက် ကုန်ကျမယ့်ငွေတွေကို စိတ်တူကိုယ်တူ လှူဒါန်းဖို့ တိုင်ပင်ထားကြပါတယ် ခင်ဗျာ"
လူကြီးတွေက ကျေနပ်စွာ ခေါင်းညိတ်ကြ၏။
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကဲ...ဒီရုံးတော်ကိုပဲ မင်္ဂလာဂေဟာ အဖြစ် သတ်မှတ်လိုက်ကြတာပေါ့၊ ကိုင်း...လက်ထပ်စာချုပ်မှာ အားလုံး သဘောတူ လက်မှတ်ထိုးလိုက်ကြရအောင်"
တရားသူကြီးက ပြောပြီးသည်နှင့် လက်ထပ်စာချုပ်နှစ်စောင် ယွီပင်းနဲ့ ရှောင်ကျန့်ရှေ့သို့ ခမ်းနားစွာ ဖြန့်ကြက်ရောက်ရှိလာခဲ့၏။ လက်မှတ်ထိုးကြဖို့ ဘောပင်ကိုယ်စီ ကိုင်လိုက်မိကြစဉ်.....
"ဒီမင်္ဂလာပွဲကို ကျွန်တော် ကန့်ကွက်ပါတယ်"
"ဟင်..."
Part-21
Start from the beginning