20

971 56 2
                                    

"ဟုတ်​ပါတယ်​အန်​ကယ်​...ကျွန်​​တော်​တို့ဖြစ်​ခဲ့ပြီးပြီ..ကျွန်​​တော်​တို့...နှစ်​​ယောက်​​ပေါင်းလို့တစ်​​ယောက်​ဖြစ်​သွားပါပြီ....အဲ့ဒါ​ကြောင့်​..ငယ့်​ပုံစံဟာ..အန်​ကယ်​မြင်​တဲ့အတိုင်းပါပဲ"လို့ မျက်​နှာပူစွာနဲ့ ထပ်​ပြီး​ပြောလိုက်​သည်

ကြားရတဲ့ဦးစိုးမြတ်​မှာ​တော့ အခုနက​ဒေါသအချိန်​နဲ့မို့လို့ ဖြိုးရဲ့မျက်​နှာမှာရှိတဲ့ လည်​ပင်းမှာရှိတဲ့အရာ​တွေကို ​သေချာမမြင်​ဖြစ်​ အခုမှ စည်​သူ​ပြော​တော့မှ သူ့သားဘက်​ကို ​သွေးတက်​ချင်​​နေတဲ့ကြားက လှမ်းပြီးကြည့်​လိုက်​သည်

မြင်​လိုက်​ရတဲ့မြင်​ကွင်းက ဦးစိုးမြတ်​အတွက်​​တော့ ​သွေးထပ်​ပြီးတက်​ခြင်​စရာဖြစ်​​ပေမယ့်​ ဖြိုးအ​မေ ​ဒေါ်မြစိမ်းအတွက်​​တော့ ပီတိဖြစ်​စရာ
မျက်​နှာတစ်​ခုလုံးမှာ အနီကွက်​​တွေ ပါးနှစ်​ဖက်​လုံးမှာဆိုပိုများ​သေး လည်​ပင်းမှာလည်း ကိုက်​ရာ​သေး​သေး​လေး​တွေ ပြီး​တော့စုပ်​ရာ​တွေ​ရော...

အဲ့ဒါ​တွေအားလုံးကိုမြင်​လိုက်​ရတဲ့ ဦးစိုးမြတ်​က စည်​သူ့ကိုထပ်​ပြီး​မေးလိုက်​သည်
"မင်း...ငါ့သားနဲ့sexအထိဖြစ်​ခဲ့တာလား"
"ဟုတ်​ပါတယ်​အန်​ကယ်​"
"ငါတစ်​ခုထပ်​​မေးမယ်​...မင်းတစ်​​ယောက်​ထဲလုပ်​ခဲ့တာလား...ငါ့သားကိုမင်းပဲမုဒိမ်းကျင့်​ခဲ့တာလား..ငါမင်းကိုတရားစွဲမယ်​"
တရားစွဲမယ်​ဆိုတဲ့စကားသံ​ကြောင့်​ ဖြိုးတစ်​​ယောက်​ သူ့အ​ဖေကို ကမန်းကတန်းဖြန်​​ဖြေ​လေသည်
"မဟုတ်​ဘူး!..​ဖေ​ဖေ သားတို့နှစ်​ဦးသ​ဘောတူလုပ်​ခဲ့ကြတာ​ဖေ​ဖေ..ဦးကိုတရားမစွဲပါနဲ့​ဖေ​ဖေ"
"သား...​ဖေ​ဖေသားကို ​မေးသလား...၀င်​မ​ဖြေနဲ့"
အဲ့​တော့မှ စည်​သူလည်း
"ငယ်​...ဖ​အေကိုပြန်​မ​ပြောနဲ့​နော်​...ငယ်​ငရဲကြီးလိမ့်​မယ်​..ဦးပဲ​ဖြေရှင်း​ပေးမယ်​​နော်​"
"မဟုတ်​ဘူး​လေဦးရယ်​..ဦးကိုတရားစွဲမှာစိုးလို့​ပြော​နေတာ...အီးဟီး..အီး"ဟု ဖြိုးလည်း ဖခင်​နဲ့ချစ်​သူရဲ့ အဆင်​မ​ပြေမှု​တွေ​ကြောင့်​ ရှုံးပွဲချပြီးငိုချလိုက်​သည်

စည်​သူလည်း ငယ်ငိုတာကြည့်​ပြီး ရင်​​တွေနာ​နေသည်​ ပြီး​တော့မှ
"အန်​ကယ်​​မေးတာ ကျွန်​​တော်​​ဖြေပါ့မယ်​..ကျွန်​​တော်​နဲ့ငယ်​က နှစ်​ဦးသ​ဘောတူဖြစ်​ခဲ့ကြတာပါ..အဲ့တာ​ကြောင့်​အန်​ကယ်​ သ​ဘောတူ​ပေးပါ"
"​မောင်​ရင်​တို့ နှစ်​ဦးသ​ဘောတူဖြစ်​ခဲ့ကြလည်း..အန်​ကယ်​သ​​ဘောမတူနိုင်​ဘူး...​ပြီး​တော့..​မောင်​ရင်​က.ဆရာဝန်​​ကောင်းတစ်​​ယောက်​ပါ..မိသားစုကလည်း..​ပြေ​ပြေလည်​လည်​​လေးလဲဖြစ်​တယ်​...​မောင်​ရင်​ အန်​ကယ့်​သားထက်​ သာတဲ့ဇနီး​ကောင်း​တစ်​​ယောက်​ကို..​မောင်​ရင်​​တွေ့မှာပါ"
"အခြားသူ​တွေဘာပဲဖြစ်​​နေ​နေ..ကျွန်​​တော်​ကငယ့်​တစ်​​ယောက်​ထဲကိုပဲချစ်​တာပါအန်​ကယ်​...ငယ့်​တစ်​​ယောက်​ကိုပဲ..လက်​ထပ်​ဖို့အထိ ရည်​ရွယ်​ထားတာပါ"

ချစ်​ရပါ​သော ​ဒေါက်​တာ​လေးWhere stories live. Discover now