"ကိုကိုရယ် ဘယ်တွေသွားနေတာတုန်း
ဖုန်းလဲမကိုင်ပဲနဲ့"နေ့တဝက်လောက်ထိကိုကို့ကိုရှာနေမိသည်
ဗိုက်ကဆာနေပါပီဆို စောင်ပိုက်ဆံကမပါဘူး
ကောက်ရလိုကောက်ရငြား လမ်းဘေးကိုမျက်စိဝေ့သော်လဲမတွေ့
အားးးး ဗိုက်ဆာတယ်
ကိုကိုရေ! ဘယ်မှာတုန်း!••••••••••••
"သား... ဂျောင်ကု
ဘယ်ကပြန်လာတာတုန်း""လမ်းထိပ်ကဂိမ်းဆိုင်သွားတာလေ"
"ထယ်လေးလာသေးတယ်
သားကိုရှာမယ်ဆိုပီးထွက်သွားတာပဲ
သားကိုဖုန်းမဆက်ဘူးလား""ခဏ!... ဖုန်းဆက်ထားတာပဲ
သွားတာကြာပီလား""မနက်ထဲကပဲ အခုဆိုအိမ်များပြန်ရောက်နေပီလားပဲ သွားကြည့်လိုက်ပါအုံးသားရယ် ထယ်လေးကသားကိုစိတ်ပူနေတာ"
"ဟုတ်ဟုတ်"
ထဟ့်အိမ်သို့လိုက်သွားကြည့်တော့
ထယ်ကကျွန်တော့ဆီသွားတယ်ဟု ထယ့်မေမေကပြောလေသည်
စိတ်မပူရအောင်ပြောခဲ့ပီး
ထယ့်ကိုရှာပုံတော်ဖွင့်ရလေသည်ထယ်လေးပိုက်ဆံမပါသွားဘူး
မနက်စာလဲမစားရသေးဘူးဆိုတဲ့စကားကြောင့် စိုးရိမ်မှုတွေကအတိုင်းမသိ၁နာရီခွဲဆိုတော့ နေကလဲအတော်ပူ
ဟိုဟိုဒီဒီ လမ်းမထက်ရှာနေရင်းက
Busမှတ်တိုင်လေးတစ်ခုကအရိပ်ငယ်လေးကိုတွေ့တော့မှ စိတ်အေးသွားရသည်အပြေးလေးသွားလိုက်ကာ
"ထယ်~""ကို ကို~~"
"ထယ် ! ထယ် !!
ထယ်လေး သတိထားပါအုံး"နီးစပ်ရာဆေးခန်းသို့အမြန်ပြေးသွားလိုက်တော့
"အစာလွန်သွားပီး အားပျက်သွားတာပါ
မစိုးရိမ်ရပါဘူး ဆေးသွင်းပေးထားပါတယ် ခဏနေသတိရလာပါလိမ့်မယ်""ဟုတ်ကဲ့ကျေးဇူးပါ"
"အော်..! လူနာကအစာအိမ်ဖြစ်ချင်နေတော့ အစားသေချာကျွေးပေးပါ"
"ဟုတ်ကဲ့ဆရာမ"
"ကိုကိုတောင်းပန်ပါတယ်ကွာ
ထယ်လေးခံစားနေရမှာစိုးလို့စာမေးပွဲအကျခံလိုက်တာပါ ထယ်လေးစိတ်မချဖြစ်နေမှာစိုးလို့ ဒါပေမယ့်ကိုကိုဘယ်လိုပြောထွက်ပါ့မလဲ ထယ်ကကိုယ့်ကိုယ်ကိုအပြစ်တင်နေမှာပေါ့ ကိုကိုတောင်းပန်ပါတယ်နော်"
part 10
Start from the beginning