''ခင်ဗျားကြီးသိထားရမှာက လူကိုသာခင်ဗျားကြီးပိုင်ထားတာ ကျွန်တော်ရဲ့နှလုံးသားကို ခင်ဗျားကြီးမပိုင်သေးဘူးဆိုတာမြဲမြဲ မှတ်ထား။''

''လွန်း..ကလေး..ဒါသက်သက် ကိုယ့်ကို စော်ကားနေတာပဲ..ကိုယ့်ရဲ့ အမှားတစ်ခုအတွက်နဲ့ ကလေးရဲ့ စည်းကမ်းချက်တွေက မများလွန်းဘူးလားကွာ။''

''ကိုယ်က ကလေးနဲ့ လက်ထပ်ထားတာမှန်ပေမဲ့ ကလေးကို ချစ်လွန်းလို့ ပိုင်ဆိုင်ချင်လို့ အဲ့ဒီအမှားမျိုးကို ကိုယ့်ဘက်ကစပြီးကျူးလွန်ခဲ့တာ..ဒါပေမဲ့ လူတကာအပေါ်မှာ လိုက်ပြီး ကိုယ်ယုတ်မာနေတာမဟုတ်ဘူး ကလေး။''

''ကလေး ကိုယ့်ကို အထင်လွဲနေပြီ..''

''မသိဘူး..ကျွန်တော်ရဲ့ စကားတွေက အဲ့အတိုင်းပဲ နောက်ထပ်မပြောင်းလဲနိုင်ဘူး။''

'ကလေး..ကိုယ် ကလေးကိုချစ်လွန်းလို့ အလျှော့ပေးထါးခဲ့တာတွေကြောင့် ကိုယ့်ဘက်ကမှားပြီထင်တယ်။
အရင်လို ကိုယ်ရဲ့စိတ်ကြမ်းလူကြမ်းပုံစံကို
မြင်ရင် ကလေး အသက်ရှင်ချင်မှာတောင်မဟုတ်ဘူး။'

စိတ်ထဲကတွေးနေပေမဲ့ ''ကောင်းပြီလေ..
ဒါပေမဲ့ ကိုယ့်ရဲ့ ဧည့်သည်ရှေ့မှာတော့ ကလေးဘက်က ဟန်ဆောင်လိုက်လျောပေးပါ..ကျန်တဲ့အချိန်တွေမှာ ကလေးရဲ့အသားကို ကိုယ့်ဘက်က လုံးဝမထိစေရဘူး။''

အပျော့နည်းလေးနဲ့ စကားကို ပါးပါးနပ်နပ်ပြန်ပြောလိုက်တဲ့ စစ်မဟာကြောင့်..လွန်း
ကတော့ ပျော်နေတော့တယ်။

မကြာခင် မုန်တိုင်းလာမှာ လွန်းတစ်ယောက် မသိပေ။
'စစ်မဟာဆိုတဲ့ ကိုယ်ကလေ..ကလေးရဲ့ မနူးမနပ်အထာတွေကိုတော့ နပ်ပါတယ်။
အဟက်..သိပ်ချစ်လွန်းလို့ လျှော့ပေးထါးတာ အကောင်းမှတ်မနေနဲ့ အရင်လို မကောင်းဆိုးဝါးစိတ်တွေ ပြန်မွေးလိုက်ရင်
ကလေး အသက်ရှင်ချင်စိတ်ပါကုန်သွားလိမ့်မယ်။'

နှိုင်းမခ.သတင်းစာထဲက အကြောင်းရာတွေကိုဖတ်ရင်း..''bossရဲ့ချစ်သူတောင် လက်ထပ်သွားပြီလား။
မနေ့ကလက်ထပ်တာဆိုတော့..ဒီနေ့ ဟိုအရူးကောင်ရဲ့ အိမ်ကိုရောက်နေလောက်ပြီ ထင်တယ်။''

Cctvမှတ်တမ်းထဲက..ပိုင်မှူးဆက်ကို ချောင်းရိုက်တဲ့ လူနှစ်ဦးရဲ့ပုံရိပ်တွေကို နှိုင်းမခ စစ်ဆေးနေရင်း..''ဒီလူကို ငါမြင်ဖူးပါတယ် ဘယ်မှာပါလိမ့်။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now