"ငါထင်တယ်သိလား ...မနက်ကျရင်တော့ ညကကိစ္စနဲ့ မင်းငါ့ကို ပြဿနာရှာမှာပဲဆိုတာ ..."

"ငါပြောချင်တာက အတူအိပ်မိတာကို မဟုတ်ဘူး ..."

"ဒါဆို ဘာလဲ ..."

"မင်းငါ့ကို မိန်းမလို သဘောထားတာမျိုးကို မကြိုက်တာ ..."

မျက်နှာ‌လေး ခပ်လွှဲလွှဲလုပ်ပြီး ဆန်းက ပြန်ဖြေလာခဲ့သည်။ မျက်လုံးချင်းဆုံပြီး ပြောဖို့ရန် မဝံ့မရဲ ဖြစ်ရသည်။ သူ ရှက်နေမိတာလား။

"ဟာကွာ အဲ့ဒါက ..."

ဘယ်လိုရှင်းပြရမလဲပင် မသိတော့ပေ။ ခေါင်းကုတ်လိုက် ဆန်းကို ကြည့်လိုက်နှင့်။

"မိန်းမလို သဘောထားတာ မဟုတ်ဘူးလေကွာ ...ငါက မင်းကို ချစ်‌လို့ပါ ..."

"အဲ့ဒါဆို ငါ့ကို အလျော့မပေးဘဲနဲ့ မင်းဘာလုပ်တာလဲ ..."

"မင်းကလည်းကွာ စိတ်မဆိုးပါနဲ့ ...နောက်တစ်ခါကျရင် ငါမင်းသဘောအတိုင်း နေပေးမယ်‌လေ ဟုတ်ပြီလား စိတ်မဆိုးနဲ့တော့နော် ..."

"နောက်တစ်ခါတဲ့ လာသေးတယ် ..."

နှုတ်ခမ်းမဲ့ပြီး ကော်ဖီခွက်ကို ကောက်ကိုင်လိုက်တဲ့ ဆန်း။

"ငါပြန်လာရင်ပေါ့ ..."

"နောက်တစ်ခါဆိုတာ ရှိမလာနိုင်တော့ဘူး ..."

"ဘာလို့လဲ ..."

စကားမှားသွားပြီမှန်း သိလိုက်ပေမယ့် ဆန်းက မဖြေရှင်းပေ။ ပေါင်မုန့်မီးကင်တစ်ချပ်ကို လှမ်းယူပြီး ပါးစပ်ထဲ ထည့်ဝါးနေလိုက်သည်။

"ဘာလို့လဲလို့ ..."

"မင်း မနက်စာ ဘာမှ မစားဘူးလား ..."

"စားမယ်လေ မင်းဆီက ..."

ပြောရင်းနဲ့ ဆန်းပါးစပ်နဲ့ ကိုက်ဖဲ့ထားတဲ့ လက်မလောက်ရှိသော ပေါင်မုန့်စလေးကို သူလှမ်းကိုက်လိုက်လေသည်။ ပေါင်မုန့်စလေးက ဆန်းပါးစပ်မှာ ကိုက်ထားလျက်သား။ ပါးစပ်ထဲမဝင်သေးပါ။ အဲ့ဒါလေးကိုပဲ မိုင်းက နည်းနည်းစီ ကိုက်စား၍ နောက်ဆုံး ကုန်သွားတော့ ဆန်းနှုတ်ခမ်းတွေဆီသို့ ...။
ပေါင်မုန့် အစားထိုးပြီး စားသုံးနေသလားပင် မသိ။

သဏ္ဍာန်ဆန်းWhere stories live. Discover now