"ကျွန်တော် ကျန့်ကျန့်ကို ပြန်လိုချင်တယ်"

စကားကို တန်ဆာဆင်ဖို့ သူ မတတ်ပါ။ ဘယ်လိုအဓိပ္ပါယ်ပဲဖြစ်ဖြစ် ကျန့်ကျန့်ကို သူ ပြန်လိုချင်တာပဲမို့ ဒီတိုင်းပဲပြောလိုက်တာ ဖြစ်သည်။

ဦးရှောင်ဝေက သူ၏ စိတ်လှုပ်ရှားသွားခြင်းကို ရှေ့မှာရှိသော Telephoneနှင့် စာရွက်စာတမ်းအချို့အား ဘေးသို့ တွန်းဖယ် ပြောင်းရွှေ့လိုက်ခြင်းဖြင့် ထွက်ပေါက်ရှာသည်။ လူကြီးမို့ လူငယ်လို ပက်ခနဲ ပြန်မပြောမိဖို့တော့ သတိရ၏။

"အဲဒါ...မင်းပြောသလို မလွယ်ဘူးကွယ့်၊ မင်းတို့ဖြစ်ခဲ့ကြတာတွေကို မင်းတို့ချင်းက ပိုသိမှာပါ၊ ဒီရက်ပိုင်းမှာ သားလေးက ပြန်ပြောထားပါတယ်၊ ဒါပေမယ့် မင်းကို ချစ်ကြောင်း ခင်ကြောင်းတော့ မဟုတ်ဘူး"

"အဲဒါ...ကျွန်တော် ပြန်ကြိုးစားပါ့မယ် Uncle၊ ကျွန်တော့် ယောကျာ်းရဲ့အချစ်ကို ကျွန်တော်ရအောင် ပြန်ကြိုးစားနိုင်ပါတယ်၊ လောလောဆယ် သူ ကျွန်တော့်ကို ပြန်လက်ခံဖို့"

"လုံးဝမလွယ်ဘူး"

"သားက ကျွန်တော့် သားပါ"

"အဲဒါ သေချာရဲ့လား၊ မင်းသားပါလို့ မင်းသိတာ ဘယ်နှနာရီ ကြာသွားပြီလဲ"

ရီပေါ် မျက်နှာ၊ ညို့ခနဲ မည်းကျသွား၏။

"မိဘနဲ့သားသမီးကြားက ချည်နှောင်မှုက မင်းထင်သလို ပါးပါးလေး မဟုတ်ဘူးကွယ့်၊ မိဘမေတ္တာဆိုတာလဲ ငါနဲ့ညားခဲ့တာမို့လို့ ငါ့သားဖြစ်တာပေါ့လို့ ပြောလို့မရဘူး၊ မိခင်က မွေးရသလို ဖခင်က ကျွေးရတယ်၊ မိဘ(2)ပါးဟာ သားသမီးအပေါ် ဝတ္တရားကိုယ်စီ ကျေရတယ်၊ မင်း ကျေခဲ့ရဲ့လား"

ရီပေါ် ဘာမှပြန်မဖြေနိုင်။ ဦးရှောင်ဝေက မျက်မှောင်ကြုတ်၍ ကြည့်သည်။ ထိုစဉ် လက်မှတ်ထိုးဖို့ File(1)အုပ်နှင့် Secretaryဝင်လာ၏။ ဦးရှောင်ဝေက မေးဆတ်ပြလိုက်တော့ ပြန်ထွက်သွားသည်။ နောက်ထပ် အလုပ်နှင့်သက်ဆိုင်သော ဖုန်းတွေ ဝင်လာပြန်သည်။ အလုပ်ရုံးခန်းမို့ မတတ်နိုင်။

ရီပေါ်က စကားမပြောနိုင်ဘဲ ဖုန်းတွေ ကိုင်ရ၏။ သို့သော် ဦးရှောင်ဝေမျက်လုံးတွေက နှုတ်ခမ်းကို ခပ်ဖိဖိ ကိုက်၍ ငြိမ်သက်နေသည်ံ ရီပေါ်၏မျက်နှာပေါ်မှာပဲ ရှိနေခဲ့သည်။ နောက်ဆုံးဖုန်းပြောပြီး သူ ထရပ်လိုက်ကာ.....

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now