~damn...~

ငေးကောင်းနေတုန်းမှာ Jackson တို့ညီအစ်ကိုရောက်လာတော့ စကားတွေပြောရင်း ထိုသူကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ ပြန်ခါနီးမှ သတိရလို့ကြည့်လိုက်တော့ နေရာလွတ်လေးပဲ မြင်ရတော့ နဲနဲတောင်နှမျောမိလိုက်ပါသေးတယ်..

အိမ်ပြန်ရောက်လို့ စာတိုက်ပုံးကိုစစ်မိတော့ စာအိတ်တွေကြားထဲမှာ အပြာနုရောင်ပြောင်စာအိတ်လေးကို ထပ်တွေ့လိုက်ရတယ်..
ရေမိုးချိုးပြီးတော့ အိပ်ယာပေါ်လှဲရင်း ပထမဆုံးလုပ်မိတာက စာအိတ်အပြာလေးဆီကို..
စာအိတ်ကိုဖွင့်ပြီး စာရွက်ကို ထုတ်လိုက်တဲ့အခါ စီးကရက်နံ့ပြေပြေကို ထပ်ရပြန်တော့ နေ့လည်ကတွေ့ခဲ့တဲ့ သက်ရှိ artwork လေး ကို ဖြတ်ခနဲသတိရလိုက်သေးတယ်...

"မနက်စာမစားပဲ black coffee တွေသောက်တာမကောင်းဘူး ကောင်လေးရဲ့.. ကျန်းမာရေးကို ဂရုစိုက်ပါ... ပြီးတော့ မင်းရဲ့ဖြစ်တည်မှုနဲ့တင် စိတ်ချမ်းသာနေရတဲ့လူတစ်ယောက်ရှိတယ်ဆိုတာလဲ မှတ်ထားပေးဦး...

From Z"

ရိပေါ်တစ်အံ့တစ်ဩ ပြုံးမိပြန်တယ်..

~ကပ်စီးနဲကဒီနေ့တော့ စာ၃ ကြောင်းနဲ့ပါလား~

ပုံမှန်ဆိုရင် stalker များလားဆိုပြီးလန့်မိမဲ့သူက ဒီစာအိတ်အပြာကိုတော့ သူကိုယ်တိုင်တောင် သတိမထားမိပဲ မျက်နှာလိုက်မိတယ်..

~ခင်ဗျားကျတော့ စီးကရက်တွေသောက်ပြီး ကျွန်တော့်ကိုကျတော့ ကျန်းမာရေး ဂရုစိုက်ဆိုပဲ..ခင်ဗျားကဘယ်လိုပုံစံရှိမလဲ ဘယ်လိုအကျင့်တွေရှိမလဲ သိတော့သိချင်သား..~

ရိပေါ်ဟာ စာရေးပေးတဲ့သူတစ်ယောက်အကြောင်းကို ဒီလောက်ထိစိတ်ဝင်စားခြင်းနဲ့ စာအိတ်အပြာလေးကို နောက်ထပ်တစ်ခေါက် မျက်နှာထပ်လိုက်မိပါတယ်....

___________________

(Zawgyi)

ဒီနေ့ရိပေါ် training ရှိတယ်။ အိပ်ယာထနောက်ကျလေတော့ မနက်စာစားဖို့အချိန်မရတော့ဘူး။ ကွင်းကိုသွားတဲ့လမ်းက ကော်ဖီဆိုင်တစ်ဆိုင်မှာ black coffee ဝင်ဝယ်ကာ အမြန်သောက်ရင်း ပြေးရပါတော့တယ်။ ဆေးလိပ်တွေ အရက်တွေမကြိုက်တဲ့ရိပေါ်က ကော်ဖီကိုတော့ စွဲစွဲလမ်းလမ်းသောက်မိပါတယ်။ သူ့အတွက် ကော်ဖီက most important meal of the day လို့တောင်ဆိုနိုင်တယ်..
ကွင်းရောက်တာနဲ့လေ့ကျင့်လိုက်တာ နေ့လည်စာစားချိန်မှပဲ နားဖြစ်တယ်။ နေ့လည်စာစားနေတုန်း Jackson ဆီကဖုန်းဝင်လာတယ်။

LettersWhere stories live. Discover now