"ပထမဆုံးစတွေ့တဲ့နေ့မှာ မြင်လိုက်ရတဲ့ အပြုံးလေးအတွက် ကျေးဇူးပါ ကောင်လေးရေ...

From Z"

တစ်ကြောင်းတည်းရှိတဲ့စာလေးကိုဖတ်ရင်း ရိပေါ်ပြုံးလိုက်မိတယ်..

~ဘယ်လိုပါလိမ့်...Fan letter ကလဲ ရည်းစားစာလိုလို ဘာလိုလိုနဲ့...~

ရှားရှားပါးပါးပြုံးမိတဲ့အချိန်ကို အမိအရမြင်ခဲ့တဲ့ ထိုသူဟာ ကံကောင်းသူလို့ပဲဆိုရမလားပဲ.. ရိပေါ်က ပြိုင်ပွဲတွေမှာပထမရရင်တောင် ဖောဖောသီသီပြုံးဖြစ်တာမဟုတ်ဘူးရယ်လေ..

စာတွေအကုန်ဖတ်ပြီးတော့ fan letters တွေသိမ်းတဲ့သေတ္တာထဲ စာအိတ်တွေကိုထပ်ပြီး ထည့်သိမ်းလိုက်တယ်..
စီးကရက်နံ့သင်းတဲ့ စာအိတ်အပြာလေးကတော့ ထိပ်ဆုံးကနေရာယူလို့...
.
.
.

ရိပေါ်ရဲ့ အိမ်ရှေ့ကစာတိုက်ပုံးလေးမှာတော့ အပြာရောင်စာအိတ်လေးဟာ ဇာတ်လိုက်ကျော်ဖြစ်ပါတယ်။
"To Yibo" ဆိုတဲ့ ပြောင်စာအိပ်လေးပေါ်က လက်ရေးသော့လေးရယ်...
စီးကရက်နံ့စွဲနေတဲ့ တစ်ကြောင်းတည်းသောစာနဲ့ စာရွက်လေးတွေရယ်ဟာ ရိပေါ်ရဲ့ နေ့စဉ်ဘဝမှာ ကော်ဖီတစ်ခွက်ရယ်နဲ့ တွဲလို့ပါဝင်လာပါတယ်...
တစ်ခြားစာတွေနဲ့ရောထားခဲ့ရာက ရိပေါ်က သူ့တို့အတွက် သီးသန့် အပြာရောင်သေတ္တာလေး စီစဉ်ပေးထားတဲ့အထိ ဒီစာလေးတွေက အလေးပေးခံရတယ်..

"စကိတ်စီးရင် ဒူးကာဝတ်ဖို့မမေ့နဲ့နော်"

"အအေးပိုလာပြီဆိုတော့ နွေးနွေးထွေးထွေးနေပါ ကောင်လေး"

"ဒီနေ့အတွက် ပြုံးပြီးပြီလား"

"ကောင်လေးက တစ်ကယ့်ကို အဖိုးတန်ကလေး"

စတဲ့ "From Z" နဲ့ဆုံးတဲ့စာလေးတွေက ရည်စားစာဆိုရအောင်လဲ ချစ်တဲ့အကြောင်းတွေတစ်လုံးမှမပါ.. ဒါပေမဲ့ ဖတ်လိုက်ရတိုင်း ရိပေါ်ကိုနွေးထွေးစေတာတော့အမှန်..

~ခင်ဗျား ကျွန်တော်ကို အပြင်မှာလာတွေ့ချင်စိတ်ရောမရှိဘူးလား~

_____________________

(Zawgyi)

နှင်းတွေကျနေတဲ့ဆောင်းမနက်ခင်း...
ရိပေါ်ဟာ စိတ်ချမ်းချမ်းသာသာနဲ့နိုးထလာခဲ့ပါတယ်။ professional racer တစ်ယောက်အနေနဲ့ training မရှိလို့ အေးအေးဆေးဆေးအိပ်ရင်း နေမြင့်မှထရတဲ့ ဒီလိုနေ့တွေဟာ blessing တစ်ခုပါပဲ..
Training ရှိတဲ့ရက်တွေဆိုရင် မနက်စောစောထ၊မနက်စာအပြေးအလွှားစား၊ ပြီးတာနဲ့ လေ့ကျင့်ကွင်းကိုသွားကာ အဲ့မှာပဲ တစ်နေကုန်သွားတတ်တာ..
Training မရှိရင်တော့ black coffee တစ်ခွက်နဲ့ မနက်ခင်းကိုစတင်ပြီး lego ဒါမှမဟုတ် game ဆော့ရင်း၊ စကိတ်စီးရင်းဖြစ်ဖြစ်၊ တစ်ဦးတည်းသောသူငယ်ချင်း Jackson နဲ့တွေ့တာဖြစ်ဖြစ်လုပ်ရင်း ကုန်ဆုံးလေ့ရှိပါတယ်။ အားလပ်ရက်ရှည်ရရင်တော့ မွေးရပ်မြေက မိဘတွေအိမ်ပြန်ဖြစ်တာပေါ့လေ...

LettersWhere stories live. Discover now