ဆိုင်ရဲ့ အပေါ်ထပ် VIP အခန်းထဲ ဝင်လာခဲ့တဲ့ ကလေးကိုမြင်ရပြီလေ။

'မျက်နှာကို တင်းမာထားတဲ့ ကျွန်တော့်ရဲ့ကလေးက ဘာတွေများအလိုမကျဖြစ်နေပါလိမ့်။'

''လွန်း..ကလေး မျက်နှာလဲ မကောင်းပါလား..ဘာဖြစ်လို့လည်းဟင်။''

''ခင်ဗျားကြီးကြောင့်ပဲ..ဦးစစ်မဟာ။''

''ဘာ..ဘယ်လိုခေါ်လိုက်တယ်။''

''ကြားတဲ့အတိုင်းပဲလေ..နားကန်းနေလို့လား..နောက်တခါထပ်မေးနေရတာ။''

''ကလေး...စိမ်းကားနေတဲ့ မျက်ဝန်းတွေနဲ့ ကိုယ့်ကိုမကြည့်ပါနဲ့လားကွာ..ရင်ထဲ မိုးကြိုးပစ်လိုက်သလိုပဲ ကိုယ့်အသည်းကနုနုလေးမို့ပါ။''

''တော်လိုက်တော့..ဦးစစ်မဟာ..
ခင်ဗျားကြီး ဘာကြောင့် ချိန်းတာလည်း။''

လွန်းရဲ့စကားတွေကြောင့်..
''မလောပါနဲ့..အေးဆေးပြောကြတာကောင်းပါတယ် ကလေးရာ။''

''ပြောစရာရှိတာ မြန်မြန်ပြော သွားစရာရှိသေးတယ် အချိန်မအားဘူး ရှင်းပြီလား။''

''အာ..ကောင်းပြီလေ..ပြောဆိုတော့လဲ
ပြောရတာပေါ့လေ။
ဒီဖုန်းထဲက video လေးကိုကြည့်ပြီးမှ
ကိုယ်ပြောမယ် အဲ့ဒီစကားကို။
ခုတော့ အရင်ကြည့်လိုက်အုံး...''

စစ်မဟာလှမ်းပေးလိုက်တဲ့ ဖုန်းထဲက video ကိုလွန်းကြည့်ရင်း...

''ဒါ..ဒါ..လုံးဝ လုံးဝမဖြစ်နိုင်ဘူး..ဟင်
ခင်ဗျားကြီး  ဘာလုပ်ချင်တာလဲ  ဒီ video
ဖိုင်ပြပြီးတော့။''

''ရှင်းရှင်းလေးပါပဲ. လွန်းကိုယ်နဲ့လက်ထပ်ပါ။''

''ဟာ..ရူးနေလား ဦးစစ်မဟာ။''

''ကိုယ်က ကလေးထက် အသက်ကြီးလည်း
၅နှစ် လောက်ပါပဲ..ဘာလို့ ဦးလို့ ရှေ့မှာတပ်ပြီးခေါ်ရတာလည်း ကလေးရာ..ဟားဟားဟား ''

''လူယုတ်မာကြီး..ခင်ဗျားကျွန်တော့်ကို ဘယ်တော့မှ လွတ်လပ်ခွင့်ပေးမှာလဲ..ခင်ဗျားကြောင့် ကျွန်တော့်ရဲ့ဘဝလည်း ပျက်ခဲ့ရပြီးပြီး..ဒါတောင်မကျေနပ်သေးဘူးလား..ပြော။''

''ကိုယ့်ဘက်က ကလေးကို ပိုင်ဆိုင်ချင်တာလေ
ကလေးကိုယ်နဲ့လက်ထပ်ပါ..မဟုတ်ရင်
ဒီ video ဖိုင်တွေ တလောကလုံးကို ချပြရလိမ့်မယ်။
ကလေးရဲ့ မိဘနဲ့အသိုင်းအဝိုင်းကို ငဲ့ရင်
ကိုယ်နဲ့လက်ထပ်ပေးပါ။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now