"မတင်နိုင်ဘူး၊ အပြင်က လေကို ကိုယ်လိုချင်လို့"

  "ဝမ်...You တို့ကို ရွဲ့တာလား"

  "အဲဒီလို ဖြစ်သွားလား"

  ဝမ်က ရယ်သည်။ မဲ့သည်မဟုတ်ဘဲ မျက်ခုံးပင့်၍ လှည့်ကြည့်ပြန်သည်။

  "ဒါဆိုရင်တော့ မားက မွေးလိုက်ကတည်းက အရွဲ့အတိုင်း မွေးထားလိုက်တာ ဖြစ်မယ်၊ မင်းနဲ့ကျမှ မဟုတ်ဘူး၊ အစကတည်းက ကိုယ်ဒီလိုပဲ"

  "တို့နဲ့ဆိုရင် You ဒီလိုပြောလို့မရဘူး၊ တို့က Youအတွက် တခြားသူမှမဟုတ်တော့တာ၊ ဒါပြင်ဆိုရင် ပြင်ပေးရမှာပဲ"

  "လင်းရှ"

  စိတ်ကညစ်ရသည့်အထဲ ကားပေါ်မှာ ကြိတ်ရန်ဖြစ်နေရသည့်အဖြစ်ကြောင့် ရီပေါ်မျက်နှာက သိသာစွာ တင်းလာ၏။

  Koreaမှာ ပါးဆေးကုပြီး အပန်းဖြေဖို့၊ စီးပွားရေးဗဟုသုတတွေလေ့လာဖို့ စသဖြင့် သူလည်း ကျေနပ်နေခဲ့ပြီး ကြာသွားလိုက်တာ(2)နှစ်။ ပါးပြန်မယ်ဆိုတော့လည်း သူ မပြန်ချင်သေးသည်မို့ နေခဲ့လိုက်သည်။ စီးပွားရေးဆိုတာကိုလည်း အဲဒီအချိန်မှာပဲ စိတ်ဝင်စားလာခဲ့သည်။ တိုးတက်ဖို့၊ ကြီးပွားဖို့တွေ ခေါင်းထဲ ရောက်နေပြီဖြစ်သည်။ ပါးကလည်း ဝမ်းသာအားရ နေခဲ့ဖို့ ခွင့်ပြုသည်။

  အဲဒီတုန်းမှာ လူကြီး(2)ယောက်ပြန်ပြီး သူနဲ့လင်းရှ ဟိုမှာ ကျန်ခဲ့ကြ၏။ အတူကျန်ခဲ့တယ်ဆိုပေမယ့် သပ်သပ်စီပါ။ သူက သူ့အတန်းသူတက်၊ ကိုယ်က စီးပွားရေးလောကထဲ ဟိုဝင်ပါ၊ ဒီဝင်ပါ၊ မကြာခဏတွေ့ဆုံကြ၊ အတူစားသောက်ဖြစ် သွားလာဖြစ်တာပဲ ရှိသည်။

  တရုတ်ပြည် ပြန်ရောက်လာကြတော့ (2)ယောက်အတူ ဒီလောက်နေထိုင်သွားလာပြီးမှ ဒီတိုင်းဆက်နေကြဖို့ မဖြစ်တော့ဘူး ဆိုသောခေါင်းစဉ်နှင့် လက်ထပ်ရက်ချက်ချင်းသတ်မှတ်ကြ၏။ အစကတည်းက သူ လိုလိုချင်ချင် ပူဆာခဲ့တာမို့ ပါးက သူ့အစွမ်းအစနဲ့သူ Hotelမှာ Dateရအောင်ယူသည်။ သူဖြစ်နေတာကျတော့ "ငါ့သား Okလား" လို့တောင် ငဲ့ကြည့်မေးဖော်မရ။

  ဟိုမှာအတူနေကြကတည်းက ကိုယ်ကယောကျာ်းလေးမို့ နေရာတကာ မပြိုင်ချင်ဘဲ လျှော့ပေါ့ဆက်ဆံပေးခဲ့ရသည်။ ဒါပေမယ့် (2)ယောက်အတူ နိုင်ငံ(1)ခုတည်းမှာ ရှိနေကြတာ ဆန်းလို့လား။ လက်ထပ်ကြဖို့ ဆုံးဖြတ်ကြတာတောင် ကိုယ်က လိုလိုချင်ချင် ခေါင်းညိတ်ရပြီး သူမက ဆက်ဆံပုံတင်စီးစွာဖြင့် မလိုချင်လိုချင် ခေါင်းညိတ်တာမျိုး လိုချင်တဲ့သူ။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now