လိမ်မိတာလည်း တမင်ရည်ရွယ်ချက်ရှိရှိ
နှင့်ပင်။အနားကိုခပ်သွက်သွက်လျှောက်လာတဲ့
မောင့်ကိုကြည့်ပြီး မူယာကပြုံးပြသည်။
မောင့်ဘက်ကပြုံးပြခဲ့တဲ့ အောင်နိုင်သူဆိုတဲ့
အပြုံးမျိုး။ကိုကိုက မူယာ့ကိုကြည့်လာတော့ မျက်နှာကိုညှိုးငယ်ကျပြသည်။ဒီတစ်ခါ
မူရာမာယာတွေ လုပ်ပြမိတာပဲ။

"ကိုကို"

"မောင်..ဒီမှာလေ မူယာခြေထောက်ခေါက်သွားလို့"

"ကျွန်တော်တွေ့လို့လာတာ ကိုကို။
လာလာ ကားနားထိတွဲသွားရအောင်။
အစ်မ မူယာသက်သာရဲ့လား"

"အင်း သက်သာပါတယ်"

ဝုန်းဒိုင်းကြဲပေါက်ကွဲလိမ့်မယ်လို့ မူယာ
ထင်ပေမဲ့ အထင်နှင့်အမြင်က လွဲသည်။
ကိုကို့အိတ်ကို မောင်က လှမ်းယူပြီးလည်း
လွယ်သည်။

"ကျွန်တော်လွယ်ပေးမယ်။ကိုကိုပင်ပန်းနေမှာစိုးလို့"

ကိုကို့ပါးတစ်ဖက်သို့ ဖွဖွဆွဲရင်းပြောတော့
ကိုကိုက မောင့်လက်ကိုကိုင်ကာ ကျေးဇူးဟုပင်
ဆိုသည်။

"ရပါတယ် ကိုကိုရာ..ကျွန်တော်တို့က
ဒီလိုတွေပြောစရာမှ မလိုတာ"

မူယာကတော့ ဘေး၌အသံတိတ်သည်။
မကြားချင်၊မမြင်ချင်ပေမဲ့လည်း မတတ်နိုင်။
မူယာ့ကိုတွဲရင်း ကားနားထိလိုက်ပို့တော့
ကိုကိုနဲ့သော်ယံမောင်က ဘေးတစ်ဖက်ဆီမှာ။
မောင်က အပြုအမူတွေနဲ့ မူယာ့ကို ပညာသား
ပါပါ တုံ့ပြန်တာ။ဒါကိုလည်း မူယာသိသည်။
ဘေးလူက ဘေးလူပဲ။ဘယ်တော့မှ ကြားမဝင်
နိုင်ဘူးဆိုတာကို သိအောင်လုပ်ပြတာမျိုးလည်း
ဖြစ်သည်။မူယာ့ကို လဲမကျအောင် ကိုကိုက
ဖမ်းဆွဲတော့ ဖက်မိမလိုဖြစ်တာလည်း
မောင်သိသည်။ဒါကိုသာ ပြဿနာရှာရင်
ကိုကို့နဲ့ပြဿနာဖြစ်ရုံကလွဲလို့ ဘာမှမထူးခြား။
ခင်မူယာက လည်မလိုလို၊မလည်မဝယ်လည်း
ဖြစ်သည်။

"မောင် တစ်ယောက်ထဲ ဘာတွေရယ်နေတာလဲ။
သွားကြမယ်လေ"

"ကိုကိုက ချစ်ဖို့ကောင်းလို့လေ။
လာပါ စာမေးပွဲပြီးပြီဆိုတော့ အိမ်မှာအနားယူ
လိုက်။မဖြူကို ကိုကိုကြိုက်တဲ့ ဟင်းတွေ
ချက်ခိုင်းထားတယ်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now