အပိုင်း(၁)
ပူအိုက်တဲ့ရာသီဖြစ်တာကြောင့် ကျွန်တော်စောစောစီးစီးရေချိုးလိုက်တယ်။ ကျွန်တော်ကိုက သေဖို့ကံပါလာတာလားမသိဘူး... သံမံတလင်းပေါ်ကျနေတဲ့ ဆပ်ပြာတုံးပေါ်တက်နင်းမိကာ ချော်လဲပြီး သံမံတလင်းနဲ့ခေါင်းနဲ့မိတ်ဆက်ကာ သေဆုံးသွားခဲ့တယ်။
သူသေရင် 'ငရဲရောက်မှာလား၊ နတ်ပြည်ရောက်မှာလား' တွေးရင်း ရုတ်တရက်Systemဆိုတဲ့အရာကပေါ်လာပြီး ခေါ်ဆောင်သွားတယ်။
Systemကပြောတယ် "ဝဲကမ်း" တဲ့။
Systemကထပ်ပြောတယ်။ ကျွန်တော်က
"ကမ္ဘာတစ်ခုဆီကလူတစ်ယောက်ဆီဝင်စားပြီး... ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမယ်" တဲ့။
ကျွန်တော်လည်း
"ဘာလို့လုပ်ရမှာလဲ" မေးတော့..
[အကြောင်းပြချက်မရှိ]တဲ့
Systemရဲ့ဂွကျတဲ့အဖြေကြောင့် အမြင်ကပ်သွားပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာကြောင့် သူလက်ခံလိုက်တယ်။ သူလက်ခံလိုက်တာနဲ့ system က ထိုကမ္ဘာကိုပို့ဆောင်လိုက်တာပေါ့။
သူဝင်ထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်က မင်းသွေးစက်။ သူ့မှာ ငယ်ငယ်တည်းကချစ်ရတဲ့ မိန်းကလေးရှိတယ်။ သူမနာမည်က သံစဉ်ချို။ သူမနဲ့မင်းသွေးစက်က ငယ်ငယ်တည်းက လူကြီးချင်းသဘောတူထားကြတာ။ သံစဉ်ချိုကလည်း မင်းသွေးစက်ကိုချစ်တယ်။ နှစ်ယောက်လုံးက အချင်းချင်းမေတ္တာရှိတာကြောင့် ဘဝကြီးကအေးဆေးပဲ။ မအေးဆေးတာက ဘုန်းဓနအောင်ဆိုတဲ့လူတစ်ယောက် ပေါ်လာတာကြောင့်ပဲ...
ထိုလူက သံစဉ်ချိုကိုမြင်မြင်ချင်းစိတ်ဝင်စားပြီး... သူမအကြောင်းတွေစုံစမ်းရာမှ ချစ်မိသွားတယ်။ ဒါပေမဲ့ သံစဉ်ချိုမှာက လက်ထပ်ရမယ့်သူရှိတာကြားတော့ သူက သဘောမကျဖြစ်သွားတယ်။ သံစဉ်ချိုကသူ့အပိုင်ပဲဆိုပြီး သံစဉ်ချိုနဲ့မင်းသွေးစက်တို့လက်ထပ်ပွဲနေ့မှာ သံစဉ်ချိုကို ဘယ်သူမှမသိအောင် ခေါ်ထုတ်သွားတယ်။
ပြီးတော့ သူ့ရဲ့စံအိမ်တော်မှာ ပိတ်လှောင်ထားတယ်။ သံစဉ်ချိုဟာ ဘုန်းဓနအောင်ကို မချစ်သေးဘူး။ သူမကို အခုလိုပြန်ပေးဆွဲလာတဲ့အတွက် သူမကမုန်းတီးမိတယ်။ ဒါပေမဲ့ အနေနီးလာတော့ ဘုန်းဓနအောင်ရဲ့အကြောင်းတွေလည်း သိလာတော့ သူမကသနားသွားတယ်။ နောက်ပြီး ဘုန်းဓနအောင်အပေါ်သံယောဇဉ်ရှိလာပြီး သနားချစ်ချစ်သွားတယ်။
