လွမ်းနေလားမေးတာကိုလည်း အခုထိ
မဖြေသေး။ထပ်မေးမိတော့ ကြောင်တောင်
တောင်နိုင်လို့ပဲလား။

"ကိုကို ကျွန်တော့်ကို လွမ်းနေလား"

"ဟမ်!"

ကြောင်တောင်တောင်လေးနဲ့ အသည်းတယား
ဖြစ်အောင် လုပ်တတ်သည်။အခုထိ ကာတွန်းပုံ
နဲ့ ညအိပ်ဝတ်စုံကိုဝတ်တုန်း။မှန်ထဲကနေ ပြန်မြင်
နေရတာကိုကြည့်ရင်း ကိုကို့ခါးသို့ ပိုတိုးကာ
ဖက်ထားပစ်မိသည်။ကိုကို့ရဲ့ အများမမြင်နိုင်
တဲ့ ပုံစံကို မြင်ခွင့်ရတာလည်း ကံကောင်းခြင်း
တစ်မျိုးပင်။

"ကိုကို မလွမ်းလည်းရပါတယ်။
ကျွန်တော်လွမ်းတာနဲ့တင်ရပြီ"

လွမ်းရတာက ပင်ပန်းတယ်။
ကိုကို မလွမ်းလည်းဖြစ်ပါတယ်။
အဓိကက ကိုကို မပင်ပန်းဖို့ပဲ။

​"မောင် အရက်သောက်လာတာလားဟင်"

"နမ်း..ကျွန်တော့်ကိုနမ်းကြည့်"

"ငါက ဘာလို့နမ်းရမှာလည်း"

မောင်ချီထားရာမှ ဆင်းဖို့ ရုန်းတော့
မောင်က အားကုန်သုံးကာ ချုပ်ထားမြဲ။
နောက်ဆုံးတော့ လည်း မနိုင်တဲ့အဆုံး
ကိုယ်ကပဲ ငြိမ်ရတော့သည်။မောင့်မျက်နှာ
ကိုမကြည့်ရဲတော့ လွှဲဖယ်မိတာ တော်တော်
ကြာ။တကယ် အတည်ကြီး ပြောနေတော့
မနေတတ်တာလည်းဖြစ်ပြီး၊မရိုးမရွလည်း
ဖြစ်သည်။

"ကျွန်တော့်ကိုကြည့်ဦး ကိုကို"

"မကြည့်ဘူး"

"ကျွန်တော့်ကို နမ်းကြည့်လေ။
ဒါမှ အရက်သောက်ထားလား၊မသောက်
ထားလား သိမှာပေါ့"

"မောင်ဖြေရင်ပဲ ရတယ်လေကွာ။
မင်း အကျပ်မကိုင်နဲ့နော်"

နားရွက်ဖျားတွေလည်း ရဲတက်ရှာသည်။
ကိုကိုရှက်နေပြီမှန်း မောင်သိတော့ ခုံပေါ်သို့
ပြန်ချပေးမိသည်။

"ကျွန်တော် အရက်မသောက်လာဘူး။
မဖြူကပြောတယ် ကိုကိုညစာ မစားဘူးဆို"

"အင်း မစားချင်လို့"

မောင်က မျက်နှာတည်နဲ့ပြောပြန်တာလည်း
ဖြစ်သည်။မသိရင် သူကပဲကိုယ့်ထက်အသက်အများကြီး ကြီးသလိုလိုနဲ့။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now