"ဟင့်အင်း"
ရှောင်ကျန့်ကလည်း ဤသည်ကို ငြင်းဆန်မြဲဖြစ်၏။
"ဘာဖြစ်တာလဲကွာ"
"ကိုကိုကလဲ"
"မင်း ကိုယ့်ယောကျာ်းဖြစ်နေပြီ၊ အဲဒါ သိရဲ့လား"
"သိ...သိပါတယ်၊ ဒါပေမယ့်လေ"
ရှောင်ကျန့် ရှက်နေတာလေးကို သူ ဘာဖြစ်လို့သဘောကျမိမှန်းမသိ။ နှုတ်ခမ်းအောက်ကမှဲ့နက်လေးနဲ့နှုတ်ခမ်းကိုနမ်းတိုင်း ရှောင်ကျန့် အကြောက်အကန်ငြင်းခဲ့သည်။ မိန်းကလေးတခို့လို ချစ်ရည်တူမျှကြရင်း ရင်ခုန်စီးမျောပါလာခဲ့တာမျိုးမရှိ။
သူ ရှောင်ကျန့်တစ်ကိုယ်လုံးကို ဆွဲဖက်လိုက်ပြီး ဇွတ်တိုးတော့ ရှောင်ကျန့် အတင်းထပြေး၏။ ပြီးတော့ ရင်တုန်ပန်းတုန် မျက်ဝန်းလေးပြူးလျက်.....
"ကိုကို...ကိုကို ညစာထွက်ဝယ်ဦးမှာလား၊ အခု...အခုပါလာလားဟင်"
တင်ပါးလေးကို ပွတ်လိုက်၊ လည်တိုင်လေးကိုပွတ်လိုက်နှင့် ဆံပင်တွေကိုလည်း ရှေ့က သပ်တင်ပြီး နောက်ကို ဖိချသည်။ ရီပေါ်က ငြိမ်လျက်နှင့် စိုက်ကြည့်နေ၏။ သူကြည့်နေလေ၊ ရှောင်ကျန့် ရှက်နေလေ၊ စောစောကတော့ သူ့ခါးကို ပြေးဖက်ခဲ့သေးသည်။ ယောကျာ်းဖြစ်နေပြီဟု ပြောလိုက်တော့မှ.....
"ကိုကိုက ဘာပြုံးတာလဲ၊ ကျွန်တော် အခုထိ ဘာမှမစားရသေးဘူး"
"ကျွေးမှာပေါ့"
သူ ထရပ်လိုက်တော့ ရှောင်ကျန့် နောက်ကို ဆုတ်သည်။
"ကိုကို၊ ဟို...ဟို...အစောကြီးပဲ ရှိသေးတာ"
"ဘာကိုလဲ"
"ကိုကိုကလဲ"
ရှောင်ကျန့် ချာခနဲ လှည့်ပြေးသွားသည်။ တံခါးရှေ့ရောက်တော့ အိပ်ခန်းတံခါးက ပိတ်လျက်သား။ နာရီကိုကြည့်လိုက်တော့ 7:00မထိုးသေး။
"ကျန့်ကျန့်"
တံခါးခေါက်ရင်း သူ ခေါ်တော့ ရှောင်ကျန့်က တံခါးနားမှာပဲ ရပ်လို့ပါ။
"ဗျာ...ကိုကို"
"တံခါးဖွင့်ကွာ"
"ကိုကို အပြင်သွားမလို့လား"
Part-10
Start from the beginning